ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဧပြီ  ၈ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး    တင်အောင်စန်းသည်  အိန္ဒိယနိုင်ငံ သံအမတ်ကြီး  မစ္စတာ ဗီနေးကူးမားကို   ယနေ့ မွန်းလွဲ ၂ နာရီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန     ရုံးအမှတ်       (၅) ၌       လက်ခံတွေ့ဆုံ သည်။

 


တွေ့ဆုံစဉ်  နှစ်နိုင်ငံအကြား   ကုလားတန်မြစ် ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်ရေး၊ ရထားလမ်း ကွန်ရက် အဆင့်မြှင့်တင်ရေး၊ ကုန်းလမ်းဖြင့်  နယ်စပ် ဖြတ်ကျော်   ခရီးသည်ပို့ဆောင်ရေး၊   လေကြောင်း ပျံသန်းရေးနှင့်     ဆက်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်