ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၊ မြန်မာ့မီးရထား International Hotel Project နှင့် Land Mark Project များကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    မေ   ၁၅


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံ  ရေကြောင်းပညာ တက္ကသိုလ်အစည်းအဝေးခန်းမသို့ရောက်ရှိပြီး ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ပါမောက္ခချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
 

 

ရှင်းလင်းတင်ပြ


တွေ့ဆုံစဉ်    ပါမောက္ခချုပ်ကတက္ကသိုလ်က  သင်ကြားရေးနှင့် စီမံရေးရာကိစ္စရပ်များ၊ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်နေမှု၊   ကျောင်းသား  ကျောင်းသူ များ ပြန်လည်တက်ရောက်နေမှုနှင့်    တက္ကသိုလ် ဆောက်လုပ်ရေးဆိုင်ရာကိစ္စရပ်များကို  ရှင်းလင်း တင်ပြသည်။ 

 


ခေတ်စနစ်နှင့်အညီ ရေးဆွဲ


ရှင်းလင်းတင်ပြချက်များနှင့်        စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အသစ်တည်ဆောက်သည့် လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး      ကြပ်မတ်ဆောင်ရွက်သွားရန်၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျအစီအစဉ်ရေးဆွဲဆောင်ရွက်ရန်၊ သင်ရိုးညွှန်းတမ်း များ  ခေတ်စနစ်နှင့်အညီ   ရေးဆွဲသင်ကြားရန်နှင့် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း ရေးစီမံသွားရန်မှာကြားပြီး  စာကြည့်တိုက်  တည် ဆောက်ပြီးစီးမှု၊    ဘတ်စကက်ဘောကွင်း တည် ဆောက်ပြီးစီးမှု၊ တက္ကသိုလ်ဘောလုံးကွင်းပြုပြင် မွမ်းမံမှု၊ Recreation Centre၊ ဘွဲ့နှင်းသဘင်ခန်းမ၊ Simulatorခန်း၊ ကျောင်းသား ကျောင်းသူ အဆောင် တည် ဆောက်မည့်မြေနေရာနှင့်   ဝန်ထမ်းအိမ်ရာ များကို ကြည့်ရှုစစ်ဆေးပြီး   တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

 


စီမံကိန်းဆောင်ရွက်နေမှုများကို  ရှင်းလင်း


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်   ပန်းဘဲ တန်းမြို့နယ်  အမှတ်(၃၇၂)  ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ မြန်မာ့မီးရထားပိုင်မြေတွင် BOT စနစ် ဖြင့် ဆောင်ရွက်လျက်ရှိသည့် International Hotel Project နှင့် Land Mark Project တို့ကို ကြည့်ရှု စစ်ဆေးရာ စီမံကိန်းရှင်းလင်းဆောင်၌    မြန်မာ့ မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စီမံကိန်းမှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက် များနှင့်  စီမံကိန်းဆောင်ရွက်နေမှုများကို  ရှင်းလင်း တင်ပြသည်။ 

 


 ကြည့်ရှုစစ်ဆေး


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်   စီမံ ကိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို    ကြည့်ရှု စစ်ဆေးပြီး  တာဝန်ရှိသူများအား  လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။            

သတင်းစဉ်