ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၁ /၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ 
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၁ /၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
 

နေပြည်တော်  ဖေဖော်ဝါရီ   ၇
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ    မှန်ကန်မြန်ဆန်စေရေး   ဗဟို ကော်မတီ၏ (၁/၂၀၂၄)ကြိမ်မြောက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်    နေပြည်တော်ရှိ  ရုံးအမှတ်(၁၈) အစည်းအဝေး ခန်းမ၌ကျင်းပရာ    ကုန်သွယ်မှုနှင့်  ကုန်စည်စီးဆင်းမှုများ   မှန်ကန် မြန်ဆန်စေရေး   ဗဟိုကော်မတီဥက္ကဋ္ဌ၊      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။ 
အစည်းအဝေးသို့   ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ  မှန်ကန် မြန်ဆန်စေရေး    ဗဟိုကော်မတီဥက္ကဋ္ဌ၊      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ   မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီးမြထွန်းဦးက ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ     မှန်ကန်မြန်ဆန်စေရေး     ဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ဦးတည်ချက်  (၉) ရပ်နှင့်အညီ ပြည်တွင်းပြည်ပကုန်သွယ်မှုလုပ်ငန်းများ    မှန်ကန်မြန်ဆန်အောင်   သက်ဆိုင်ရာကဏ္ဍများအလိုက် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
စနစ်တကျ  စိစစ်ခွင့်ပြုပေးသွားမည်
နိုင်ငံတော်နှင့်ပြည်သူများ၏ကုန်သွယ်ရေး၊  သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဝန်ဆောင်မှု ဆိုင်ရာ အထွေထွေလုပ်ငန်းများဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီကဏ္ဍကို    ဦးစားပေးသွင်းကုန်အနေဖြင့်   ဆောင်ရွက်ခဲ့ပါ ကြောင်း၊ စက်သုံးဆီကို ပြည်သူများ သက်သာသည့်ဈေးနှုန်းနှင့်  ဝယ်ယူ နိုင်ရန်  အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊   ပုဂ္ဂလိက စက်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးရုံ၊ ဆေးခန်း၊   စာသင်ကျောင်းနှင့်  ဟိုတယ်လုပ်ငန်းများ၊   အစိုးရတင်ဒါ လုပ်ငန်းများနှင့်  ကျန်လုပ်ငန်းများတွင်   လိုအပ်သည့် စက်သုံးဆီများကို လွတ်လပ်စွာတင်သွင်းနိုင်ရေး     စီမံဆောင်ရွက်ပေးထားပါကြောင်း၊   စက်သုံးဆီတင်သွင်းလိုသည့် ကုမ္ပဏီအသစ်များကို  စနစ်တကျ  စိစစ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊   စက်သုံးဆီများကို   ပြည်သူအများ လုံလောက်စွာ အသုံးပြုနိုင်ရေးနှင့် တရားမဝင်စက်သုံးဆီများ ရောင်းချ မှုမရှိစေရေး     အလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး / ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီ ဖမ်းဆီးရမိမှု မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း  ၆၅ မှု၊ စက်သုံးဆီ ၂၉၈ ဒသမ ၀၅၇ တန်၊  ခန့်မှန်းတန်ဖိုးကျပ်  ၇၃၈ ဒသမ ၃၉၂ သန်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း  ၁၄ မှု၊  စက်သုံးဆီ  ၇၄ ဒသမ ၂၂၅  တန်၊   ခန့်မှန်း တန်ဖိုးကျပ် ၁၇၆ ဒသမ ၄၂၉ သန်း ဖြစ်ပါကြောင်း။ 
ပြည်သူများခရီးသွားလာရာတွင် နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်၌  လိုအပ်သော စက်သုံးဆီအမျိုးအစားကို လိုအပ်သည့်အတိုင်း အလွယ်တကူ ဝယ်ယူနိုင်ရန် မိမိရောက်ရှိနေသည့်နေရာမှ မိုင် ၃၀ အတွင်းရှိ အရောင်းဆိုင် များကို    အလွယ်တကူ   ရှာဖွေနိုင်ပြီး   အသင့်ဝယ်ယူနိုင်မည့်အပြင် Monitoring ပြုလုပ်မည့်ဌာနများကလည်း  စက်သုံးဆီအရောင်းဆိုင်များ ရှိ စက်သုံးဆီအမျိုးအစားအလိုက်  လက်ကျန်အခြေအနေများ၊ ရောင်းချ သည့် ဈေးနှုန်းများကို  ကြည့်ရှုစစ်ဆေးနိုင်မည့်  Software Application  တစ်ခုကို ရေးဆွဲလျက်ရှိကြောင်း၊ ယခုဖေဖော်ဝါရီလမှစ၍  နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ  စက်သုံးဆီအရောင်းဆိုင်  ၁၀၇ ဆိုင်တွင် Pilot Project အဖြစ်  စမ်းသပ်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက် ရှိပါကြောင်း။
  ပြည်တွင်းဈေးကွက်၌ အရောင်းအဝယ်ပြုရမည့် အခြေခံစားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်းကို  အပတ်စဉ်  ထုတ်ပြန်ပေးလျက်ရှိပြီး စားသုံးဆီများကို  နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် လိုအပ်ချက်များကိုစိစစ်၍  စနစ်တကျ  ဖြန့်ခွဲပေးလျက်ရှိကာ ဈေးကွက်/ဈေးနှုန်းတည်ငြိမ်စေရေးအတွက်   ဆောင်ရွက်လျက်ရှိပါ ကြောင်း။
အလေးထားကြပ်မတ်ဆောင်ရွက်ခဲ့
စက်သုံးဆီကိစ္စရပ်များ၊  ကုန်ကြမ်းပစ္စည်းများ တင်သွင်းခြင်းဆိုင်ရာ အခက်အခဲ ကိစ္စရပ်များ၊     စက်ရုံများ   ပုံမှန်လည်ပတ်ရေးအတွက် စက်ပစ္စည်းများ၊ စက်အပိုပစ္စည်းများ  တင်သွင်းနိုင်ရေး၊ သက်ဆိုင်ရာ ဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါကြောင်း၊  ပဲခူးစက်မှုဇုန်အတွင်းရှိ  စက်ရုံများအတွက် လိုအပ် သော စက်သုံးဆီများကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီဆိုင် များမှ ရောင်းချပေးနိုင်ရေး၊ ပဲခူးတိုင်းဒေသကြီးစက်မှုဇုန်အတွင်း စက်ရုံ များလည်ပတ်နိုင်ရေးအတွက်  အလုပ်ချိန်အတွင်း  လျှပ်စစ်ဓာတ်အား ရရှိရေး၊  စက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းများ  တင်သွင်းရာ၌  နှောင့်နှေး ကြန့်ကြာမှုမရှိစေရေး    သက်ဆိုင်ရာဌာနများနှင့်     ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  မြောင်းတကာစက်မှုဇုန်တွင်  လျှပ်စစ် ဓာတ်အား  အချိန်နှင့်တစ်ပြေးညီရရှိရေး၊ စက်မှုဇုန်များလျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနိုင်ရေး၊ LNG ဖြင့်  လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး တို့ကို  သက်ဆိုင်ရာဌာနများနှင့်   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပါကြောင်း၊  ပြည်ပသို့   ပို့ကုန်တင်ပို့ပြီးနောက်  ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ရန်  ကျန်ရှိသောကုမ္ပဏီများမှ   ပို့ကုန်ရငွေများ ပြန်လည် ဝင်ရောက်မှုအား   အလေးထား    ကြပ်မတ်ဆောင်ရွက်ခဲ့မှုကြောင့် ပို့ကုန်ရငွေများ အလားတူကာလထက် ပိုမိုဝင်ရောက်ခဲ့ပါကြောင်း။    
ပို့ကုန်လုပ်ငန်းရှင်များ  လုပ်သာကိုင်သာရှိပြီး  အကျိုးအမြတ်များ ရရှိရန်နှင့် ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပို့ကုန်တင်ပို့ သူများအနေဖြင့်      ပို့ကုန်တင်ပို့ခြင်းမှရရှိသည့်   ပို့ကုန်ရငွေပမာဏ ( ၅၀ : ၅၀ ) ရာခိုင်နှုန်းအစား  ( ၃၅ : ၆၅ )  ရာခိုင်နှုန်းကို  အဆင့်ဆင့် ဖြေလျှော့ဆောင်ရွက်ပေးခဲ့ပါကြောင်း။
စက်သုံးဆီနှင့်   စားသုံးဆီတင်သွင်းခြင်းအား  ဆောင်ရွက်ခွင့်ပြု
ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ရော်ဘာတင်ပို့မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရာသီချိန်ကာလ(၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ   ၂၀၂၄ ခုနှစ်  မတ် ၃၁ ရက်အထိ) ရော်ဘာတင်ပို့မှုမှ ရရှိသော ပို့ကုန်ရငွေဖြင့်  ဓာတ်မြေဩဇာနှင့်   ပိုးသတ်ဆေးတင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ပါကြောင်း၊     ထို့ပြင်   လယ်ယာထွက်ကုန်များ ဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုများ တိုးမြှင့်ဆောင်ရွက် နိုင်ရန် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုမှရရှိသော ပို့ကုန်ရငွေဖြင့် စက်သုံးဆီနှင့်   စားသုံးဆီတင်သွင်းခြင်းအား  ဆောင်ရွက်ခွင့်ပြုပေးခဲ့ ပါကြောင်း။
ပြည်တွင်း / ပြည်ပ    ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအကျိုးစီးပွားကို    ရှေးရှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ် မှုနှင့် ကုန်စည်စီးဆင်းမှုများ  မှန်ကန်မြန်ဆန်စေရေး၊   လွယ်ကူလျင်မြန် ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးတို့ကို အဓိကထား ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက်  တက်ရောက်လာကြသည့် ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့်     တာဝန်ရှိသူများက   ဝိုင်းဝန်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက်    အစည်းအဝေးသို့   တက်ရောက်လာကြသူများက ကုန်သွယ်မှုနှင့်    ကုန်စည်စီးဆင်းမှုများ   မှန်ကန်မြန်ဆန်စေရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက်  ရှင်းလင်းဆွေးနွေးတင်ပြကြရာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ   မှန်ကန်မြန်ဆန်စေရေး   ဗဟို ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရှင်းလင်းဆွေးနွေးတင်ပြမှု များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။             
    သတင်းစဉ်