ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာပြီး မှုခင်းများကို Video Conferencing စနစ်ဖြင့် စီရင်ချက်ချမှတ်မည်

 

နေပြည်တော် နိုဝင်ဘာ ၂၃


ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာပြီး စီရင်ချက်ချမှတ်ရန် ထားရှိသော ရာဇဝတ်ဆိုင်ရာမှုခင်းများ၊ တရားမဆိုင်ရာမှုခင်းများ၊ စာချွန် တော်ဆိုင်ရာမှုခင်းများကို Video Conferencing စနစ်ဖြင့် ဒီဇင်ဘာ (၁၊ ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၁၀၊ ၁၁) ရက်များတွင် နံနက် ၉ နာရီခွဲအချိန်မှစတင်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၂) နှင့် (၃) တို့မှ စီရင်ချက် ချမှတ်မည် ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ကြေညာချက်ထုတ်ပြန် ထားသည်။
စီရင်ချက်ချမှတ်မည့် အမှုစာရင်းများကို ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံး Website: www.unionsupremecourt.gov.mm နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာနခွဲ၏ Facebook: https://www.facebook.com/ousc. publicrelations တို့တွင် (၇) ရက် ကြိုတင်၍ ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်