ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကြားချက်များအား ဧရာဝတီတိုင်းဒေသကြီး၌ ထပ်ဆင့်ရှင်းလင်း

 

ပုသိမ်   မတ်  ၃  


ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီ ၁၇  ရက်မှ ၁၉ ရက်အထိ  Video Conferencing စနစ်ဖြင့်  ကျင်းပ ခဲ့သော      ပြည်ထောင်စု   တရား လွှတ်တော်ချုပ်၊  တိုင်းဒေသကြီး/ ပြည်နယ်          တရားလွှတ်တော် တရားသူကြီးများ၊     တိုင်းဒေသ ကြီး/ ပြည်နယ်နှင့် ခရိုင်အဆင့် တာဝန်ရှိသူများ  ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ တာဝန်ရှိသူများ၏(၂၂)ကြိမ်မြောက်     လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လမ်းညွှန်ချက် များအား     ထပ်ဆင့်ရှင်းလင်းပွဲကို မတ် ၂ ရက် နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး   တရား လွှတ်တော်   အစည်းအဝေးခန်းမ ၌ Video Conferencing  စနစ်ဖြင့် ကျင်းပသည်။

 


တိုင်းဒေသကြီး      တရား လွှတ်တော်     တရားသူကြီးချုပ် ဦးဝင်းမြင့်က       အမှုများကို ကြန့်ကြာမှုမရှိစေဘဲ    ဥပဒေနှင့် အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေး ပြီးပြတ်ရေး၊ လက်အောက် တရား ရုံးများကို      စိစစ်ကြပ်မတ်ပြီး  မှားယွင်းချွတ်ချော်မှုများကို ပြင်ဆင် တည့်မတ်ပေးရေး၊ သီးသန့် တရား ရုံးများဖြင့်  စစ်ဆေးနေသည့် အမှု များ ကြန့်ကြာမှုမရှိစေဘဲမှန်ကန် မြန်ဆန်စွာ    စစ်ဆေးပြီးပြတ်ရေး၊ နိုင်ငံ့ဝန်ထမ်းဥပဒေ   နည်းဥပဒေ များ၊  ဝန်ထမ်းကျင့်ဝတ်များဖြင့် တရားစီရင်ရေး  ကျင့်ဝတ်များကိုလေးစားလိုက်နာစောင့်ထိန်းရေးနှင့်   ၂၀၂၂ ခုနှစ် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း     ပဉ္စမနှစ် လုပ်ငန်း အစီအစဉ်အောင်မြင်စေ ရန်အတွက်   ကြိုးပမ်းဆောင်ရွက် ရေး  စသည့် မှာကြားချက်များအား ထပ်ဆင့်     ရှင်းလင်းပြောကြား သည်။

 


အဆိုပါထပ်ဆင့်ရှင်းလင်းပွဲ သို့     တိုင်းဒေသကြီး    တရား လွှတ်တော်   တရားသူကြီးများ၊   တိုင်းဒေသကြီး  တရားရေးဦးစီး မှူးများ၊   တိုင်းဒေသကြီးတရား လွှတ်တော်၊   ပုသိမ်ခရိုင်နှင့်မြို့နယ် တရားသူကြီးများနှင့်  တရားရေး အရာရှိများ   စုစုပေါင်း ၂၁  ဦး၊ ကျန်ခရိုင်/မြို့နယ်    တရားသူကြီး များက   Video Conferencing စနစ်ဖြင့်   တက်ရောက်ခဲ့ကြောင်း သိရသည်။  


ကိုတွတ်(ပြန်/ဆက်)