ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

 

စစ်ကိုင်း   နိုဝင်ဘာ   ၂၄


နယ်စပ်ရေးရာဝန်ကြီးဌာန၊    ပညာရေးနှင့်    လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ    စွမ်းရည်ဖွံ့ဖြိုးရေး     ဒီဂရီ ကောလိပ် (စစ်ကိုင်း)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဖွင့်ပွဲအခမ်းအနားနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်     ဒီဂရီကောလိပ်ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ညွှန်ကြားရေးမှူး(စီမံ)က ကျောင်းသား ကျောင်းသူများကို စာရေးကိရိယာ၊  အဝတ်အစား၊ အိပ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်   ဆုရကျောင်းသား ကျောင်းသူများကို ဆုများချီးမြှင့်ပြီး ကျောင်းသား ကျောင်းသူများက အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။


သတင်းစဉ်