ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ ပထမနှစ် သင်တန်းသား သင်တန်းသူများ အတည်ပြုရွေးချယ်

 

ရန်ကုန်   ဧပြီ    ၂၉


နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊   သင်တန်းသားရွေးချယ် ရေး  ဗဟိုကော်မတီ   ဥက္ကဋ္ဌ-၁ ဗိုလ်ချုပ်   ခွန်သန့်ဇော်ထူးသည် ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်း ဝန်/ တာဝန်ခံ  ညွှန်ကြားရေးမှူး ချုပ်  ဦးသိန်းဌေးဦး၊  တာဝန်ရှိသူ များနှင့်အတူ  ယနေ့နံနက် ၈ နာရီ တွင် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ   စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊   ရန်ကုန်အစည်း အဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်    ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်း သား သင်တန်းသူများကို အတည် ပြုရွေးချယ်ခြင်း  အခမ်းအနားသို့ တက်ရောက်သည်။

 


နယ်စပ်ရေးရာ  ဝန်ကြီးဌာန အနေဖြင့်        နယ်စပ်ဒေသရှိ တိုင်းရင်းသား   လူငယ်များ၏ လူ့စွမ်းအား    အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး    အတွက် ပြည်ထောင်စု        တိုင်းရင်းသား လူငယ်များ   စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊        ရန်ကုန်သို့ တက်ရောက်ကြမည့်  သင်တန်း သား သင်တန်းသူများကို ရွေးချယ် ရာတွင်  နယ်စပ်ဒေသတိုင်းရင်း သား   လူငယ်များ    ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၅ ကျောင်းမှ အခြေခံပညာ      အထက်တန်း အောင်မြင်ပြီး  သတ်မှတ်အမှတ် ပြည့်မီသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ   ဝင်ခွင့်အရည် အချင်း         သတ်မှတ်ချက်နှင့် ကိုက်ညီသော   တိုင်းရင်းသား တိုင်းရင်းသူများကို လူတွေ့စိစစ် အတည်ပြု ရွေးချယ်လျက်ရှိသည်။

 


ယခုပညာသင်နှစ်တွင် ဒီဂရီ ကောလိပ်၊    ရန်ကုန်အတွက် သင်တန်းသားရွေးချယ်ရေး ဗဟို ကော်မတီက   စိစစ်ရွေးချယ်ပေး သော       မြန်မာနိုင်ငံတစ်ဝန်းရှိ ဝေးလံခေါင်ပါးသော   နယ်စပ် ဒေသများမှ        သင်တန်းသား သင်တန်းသူ  ၃၇၁ ဦး ကို ဧပြီ ၃၀ ရက်အထိ စိစစ်အတည်ပြုပြီးပါက ဝိဇ္ဇာ၊  သိပ္ပံဘွဲ့ ၄ နှစ်၊   A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပေးသွား မည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန် တွင် ဘွဲ့၊ ဒီပလိုမာများ အပ်နှင်း ပေးကာ        ဝန်ကြီးဌာနများ၌ အကြီးတန်းစာရေးနှင့် အဆင့်တူ ရာထူးနေရာများတွင်    နိုင်ငံ့ ဝန်ထမ်းများအဖြစ်      ခန့်အပ် တာဝန်    ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။

 


ထို့နောက်    ဒုတိယဝန်ကြီး သည်  ပထမနှစ်  သင်တန်းသား သင်တန်းသူများ      ထားရှိသည့် အိပ်ဆောင်များ၊ စာသင်ဆောင် များ၊  စားရိပ်သာများ၊   အင်ဂျင် နီယာလက်တွေ့    အလုပ်ရုံများ၊ ဒီဂရီကောလိပ်        ဆေးခန်း၊ ကျောင်းအားကစားကွင်း   တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ   မှာကြားကြောင်း   သိရသည်။          

           
 သတင်းစဉ်