
နေပြည်တော် ဧပြီ ၂၇
ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခ၊ ဌာနကြီးမှူးများ၊ တွဲဖက် ပါမောက္ခများ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူ ၂၀၅ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။
အမြဲကြိုးစားအားထုတ်နေရန်လိုအပ်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များကို အဆင့်မြင့်ပညာများ သင်ကြား လေ့ကျင့်ပေးပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြမည့် ပညာရေး ဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း) ကို တည်ထောင်ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးရေး တက္ကသိုလ်ကို ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့ သည့်အချိန်မှ ယနေ့အထိ မဟာပညာရေးဘွဲ့ ၁၃၁ ဦး၊ မဟာဒဿနဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၃၈၁ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်း ဆရာအတတ်သင် ၉၅၆ ဦး၊ မူလတန်းဆရာ အတတ် သင် ၇၁၆၂ ဦး၊ အထူးမူလတန်း ဆရာအတတ်သင် ၄၆၁ ဦး စုစုပေါင်း ဘွဲ့ရပညာတတ် တိုင်းရင်းသား လူငယ် ၁၄၀၅၈ ဦးတို့ကို တက္ကသိုလ်က မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပညာရည်မြင့်မားသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေမည် ဖြစ်သည့်အတွက် မိမိတို့ လေ့ကျင့်သင်ကြားပေးရမည့် ကျောင်းသား လူငယ်များကိုလည်း ပညာရည်မြင့်မား ပြီး နိုင်ငံတော်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလုပ် အကျွေးပြုကြမည့် သူများဖြစ်အောင် အလေးထားပြုစုပျိုးထောင်ပေးကြရန်ဖြစ်ကြောင်း၊ တပည့်များကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်အတွက် စဉ်ဆက် မပြတ် လေ့လာသင်ယူပညာရှာမှီးနေရန်၊ အမြဲကြိုးစား အားထုတ်နေရန် လိုအပ်ကြောင်း၊ တပည့်များ၏ အကျိုးကို အစဉ်ရှေးရှုပြီး ကောင်းမွန်ရာကို လမ်းညွှန် သွန်သင်ပြသပေးနိုင်သည့် ဆရာကောင်းများကသာ အနာဂတ်ကာလများ၌ နိုင်ငံ့တာဝန်များကို ပခုံး ပြောင်း ထမ်းဆောင်ကြမည့် အရည်အသွေး အရည် အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊၊
အစွမ်းကုန်ကြိုးစားဆောင်ရွက်
သင်တန်းဆင်း မောင်မယ်တို့အနေဖြင့် ဆရာ ဆရာမများအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြ တော့မည်ဖြစ်သဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား များ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးကြမည့် ခေါင်းဆောင်ငယ်များ အဖြစ်လည်းကောင်း၊ စိတ်ဓာတ်ကောင်းသော၊ စည်းကမ်းကောင်းသော၊ စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်လိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများ အဖြစ်လည်းကောင်း ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်မှာကြားလိုကြောင်း၊ အထူးအလေးထား မှာကြားလိုသည်မှာ ဒို့တာဝန် အရေး ၃ ပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားအားလုံး ၏ စိတ်ထဲတွင် ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရ ကိန်းအောင်းရှင်သန်နေစေရေး စည်းရုံးဆောင်ရွက် ပေးကြရန်၊ မိမိတို့၏ တပည့်ကျောင်းသားလူငယ်များ ကိုလည်း နိုင်ငံတော်က အားထားရသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေး ကြရန်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြ ရန်၊ ပါတီနိုင်ငံရေးကင်းစင်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသော ပညာရေး ကဏ္ဍ တိုးတက်မြင့်မားရန်အတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။
အလုပ်ခန့်အပ်လွှာများ ပေးအပ်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စံပြ ထူးချွန်ဆု၊ စာပေဘာသာ ထူးချွန်ဆု(သိပ္ပံတွဲ)၊ စာပေ ဘာသာထူးချွန်ဆု (ဝိဇ္ဇာတွဲ)ဆုရ ကျောင်းသား ကျောင်းသူများကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စာပေဘာသာ ထူးချွန်ဆု (ဝိပ္ပံတွဲ)၊ ဆရာအတတ်ပညာဘာသာ ထူးချွန်ဆုရ ကျောင်းသားများကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်က တိုင်းရင်းသားဘာသာ၊ စာပေနှင့်ယဉ်ကျေး မှု ထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဘာသာ ထူးချွန်ဆုရ ကျောင်းသားတို့ကိုလည်းကောင်း ဆုများချီးမြှင့် ပေးအပ်ခဲ့ပြီး အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက သင်တန်းဆင်း ကျောင်းသား ကျောင်းသူ ၂၀၅ ဦးတို့ ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ဘွဲ့နှင်းသဘင် ဧည့်ခန်းမဆောင်၌ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံ၍ ဂုဏ်ပြု အားပေးစကား ပြောကြားပြီး သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ကျောင်းသား ကျောင်းသူများနှင့် မိဘများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံရာ ပါမောက္ခချုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ အုပ်ချုပ်ရေးနှင့် လေ့ကျင့် သင်ကြားရေးဆိုင်ရာအခြေအနေများ၊ စိုက်ပျိုးမွေးမြူ ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လိုအပ် သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများကို ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်၍ ကျောင်းဝင်း အတွင်း ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေ၊ အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေ၊ အသားစားကြက်ခြံ၊ ဥစားကြက်ခြံ၊ ငါးမွေးမြူရေးကန်များနှင့် စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း များကို မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်