ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်   မတ်   ၆


တိုင်းရင်းသားလူမျိုးများရေးရာ  ဝန်ကြီးဌာန         တိုင်းရင်းသားစာပေနှင့်     ယဉ်ကျေးမှုဦးစီးဌာန         ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ   (ရန်ကုန်) ခြောက်ခန်းတွဲ တစ်ထပ်ဆောင်ဝန်ထမ်းအိမ်ရာသစ် ဖွင့်ပွဲအခမ်းအနားကို  မတ် ၆ ရက် နံနက်   ၉ နာရီ တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ဝင်းအတွင်း၌ ကျင်းပသည်။ 


 ဦးစွာ   ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဝန်ထမ်းအိမ်ရာသစ်   အဆောက်အအုံကို ပြည်ထောင်စုဝန်ကြီး   ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊   ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းဒေသကြီး  တိုင်းရင်းသား ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့်  ဥပဒေချုပ် တို့က  အိမ်ရာအဆောက်အအုံသစ်ကို  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် အား လှည့်လည်ကြည့်ရှုကြသည်။ 
ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)ဝင်းအတွင်းရှိ သက္ကညီနောင်စေတီ တော်မြတ်ကြီးသို့  သွားရောက်ဖူးမြော်ကာ  ပန်း၊ ရေချမ်း၊ ဆီမီးများ  ကပ်လှူပူဇော်ပြီး   စရီမလိုက် ယာလဲကာလီယမ္မာန်ဘုရားကျောင်းတွင် ဟိန္ဒူဘာသာ ဝင်များ    ဝတ်ပြုဆုတောင်းခြင်းအခမ်းအနားသို့  တက်ရောက်သည်။   ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်ဧည့်သည်တော်များသည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်းရှိ ရတနာ လမ်းဝင်ပေါက်ဂိတ်ကို  အဆင့်မြှင့်တင်ဆောင်ရွက် မည့်နေရာနှင့် ကားရပ်နားရန် တည်ဆောက်မည့် နေရာတို့ကို  လည်းကောင်း၊   တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနေအိမ်ပြခန်းများနှင့်    မြစ်ကြောင်းမှ တစ်ဆင့် တိုင်းရင်းသားကျေးရွာသို့ ဧည့်သည်တော်များ အလွယ်တကူဝင်ရောက်နိုင်ရေးအတွက် ဆိပ်ခံဗောတံတားတည်ဆောက်မည့်နေရာတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များကို မှာကြားသည်။ 


၎င်းနောက်      ပြည်ထောင်စုဝန်ကြီးသည်                    ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ   (ရန်ကုန်) အစည်းအဝေးခန်းမ၌   တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍    ပွင့်လင်းရာသီ ဝန်ဆောင်မှုမြှင့်တင်ရေး ဆောင်ရွက်မှုအနေဖြင့်   ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အတွင်း ပြည်သူများ စိတ်ချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ရန်အတွက် Wifi  Free များ   တပ်ဆင်ပေးထားကြောင်း၊  အများပြည်သူလုံခြုံရေး အတွက်  CCTV များလည်း    တပ်ဆင်ဆောင်ရွက်ထား လျက်ရှိကြောင်း၊  အပတ်စဉ်  စနေ၊  တနင်္ဂနွေနေ့များ တွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများ၊   တေးသီချင်းများဖြင့်   ဖျော်ဖြေတင်ဆက်ပေးလျက် ရှိကြောင်း ပြောကြားသည်။


ဆက်လက်၍     ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဝင်းက  လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေ အနေများကို    ရှင်းလင်းတင်ပြပြီး   ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်  ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ  (ရန်ကုန်)       ဝန်ဆောင်မှုမြှင့်တင်ရေးအစီအစဉ်များ၊   လုံခြုံရေး ကိစ္စများ၊ အများပြည်သူများ ပိုမိုဝင်ရောက်လာအောင် အကောင်အထည်ဖော်ရမည့်      လုပ်ငန်းများကို အကြုံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည်။
ကြည့်ရှုအားပေး 


ထို့နောက် ဧည့်သည်တော်များကို နေ့လယ်စာ ဖြင့် တည်ခင်းဧည့်ခံပြီး နေ့လယ်စာများ သုံးဆောင် နေစဉ်အတွင်း တိုင်းရင်းသားယဉ်ကျေးမှုအကအလှ များ၊  တေးသီချင်းများဖြင့်   ဖျော်ဖြေဧည့်ခံသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည် တော်များသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဝန်ဆောင်မှုမြှင့်တင်ရေး  အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲသို့   တက်ရောက်ကြည့်ရှုအားပေး ကြသည်။  အဆိုပါ လှေလှော်ပြိုင်ပွဲသို့ တိုင်းရင်းသား ရိုးရာအသင်းများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။ ယင်းနောက် လှေလှော်ပြိုင်ပွဲ  ဆုရရှိသူများ အား ပြည်ထောင်စုဝန်ကြီး၊  တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  တာဝန်ရှိသူများက ဒိုင်းဆုများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။       ယနေ့အများပြည်သူ ရုံးပိတ်ရက်        တနင်္ဂနွေနေ့ဖြစ်သည့်အတွက်             ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့       ဧည့်သည်  ၃၄၀၀ ကျော်တို့    လာရောက်အပန်းဖြေ ကြကြောင်း သိရသည်။              

        သတင်းစဉ်