ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီလက်တွဲကာ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်

 

 

မန္တလေး   ဧပြီ   ၂၆
၂၀၂၂-၂၀၂၃  ပညာသင်နှစ်  ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများ    ဖွံ့ဖြိုးရေးတက္ကသိုလ်   (စစ်ကိုင်း) ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်  (၉) နှင့်  ပြည်ထောင်စု    တိုင်းရင်းသားလူငယ်များ   စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း) ပထမနှစ် ဝိဇ္ဇာ၊   သိပ္ပံနှင့်   အေဂျီတီအိုင်ဒီပလိုမာသင်တန်း  တက်ရောက်ကြမည့် သင်တန်းသား   သင်တန်းသူများ နှင့်  တွေ့ဆုံပွဲအခမ်းအနားကို  ယနေ့မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ  အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပရာ  မန္တလေးတိုင်း ဒေသကြီး  ဝန်ကြီးချုပ်  ဦးမောင်ကို၊   တိုင်းဒေသ ကြီးဝန်ကြီးများ၊   တိုင်းဒေသကြီး  ပညာရေးမှူးရုံးမှ    ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းများ  ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို သိရှိကာ သင်ကြားရမည့်ဘာသာရပ်များကို အထူးဂရု    စိုက်သင်ယူကြရမည်ဖြစ်ကြောင်း၊     သင်တန်းမှ ပို့ချသည့် အသိပညာ၊  အတတ်ပညာများ   သာမက နိုင်ငံတကာမှ   ပညာရပ်များကို   အမြဲလေ့လာကာ တွေးတောကြံဆနေရမည်ဖြစ်ပြီး    မိမိကိုယ်တိုင် အရည်အချင်းပြည့်မီနေအောင်  ကြိုးစားနေရမည် ဖြစ်ကြောင်း၊ မိမိ၏ ရည်မှန်းချက်၊ ဦးတည်ချက်များ မှန်ကန်ပြီး   မိမိလုပ်ငန်းကိုတန်ဖိုးထားကာ  မတူ ကွဲပြားမှုများကို   စွန့်လွှတ်၍  တူညီမှုခွန်အားဖြင့် ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်းရိုင်းပင်းကူညီလက်တွဲကာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီး    ဝန်ကြီးချုပ်က  သင်တန်းသား သင်တန်းသူ   ၂၃  ဦးအတွက်  ထောက်ပံ့ငွေကျပ်   ၂၃ သိန်းကို  ပေးအပ်သည်။
ယခု သင်တန်းသား သင်တန်းသူများမှာ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ     မိုးကုတ်၊   သပိတ်ကျင်း၊  စဉ့်ကူး၊  သာစည်နှင့်    ကျောက်ဆည်မြို့နယ်တို့မှ အဆင့်ဆင့်       စိစစ်ရွေးချယ်ထားသူများဖြစ်ပြီး ၂၀၂၂-၂၀၂၃ပညာသင်နှစ်    ပြည်ထောင်စု တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စု  တိုင်းရင်းသားလူငယ်များ  စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) တို့တွင်              တက်ရောက်ကြမည်ဖြစ်ကြောင်း  သတင်းရရှိသည်။                                          
သတင်းစဉ်