ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

 

နေပြည်တော်    ဇန်နဝါရီ   ၄
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌  ကျရောက်သည့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏  (၇၆)  နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင်  ကမ္ဘာ့နိုင်ငံအသီးသီးမှ    နိုင်ငံအကြီးအကဲများက   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ နီပေါနိုင်ငံ သမ္မတ မစ္စတာ ရမ်ချန်ဒရာ ပေါ်ဒဲလ် ထံမှ
ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် မိမိအနေဖြင့်  အဆွေတော်နှင့် မြန်မာ ပြည်သူများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း  ဆုမွန်ကောင်း ပို့သအပ်ပါသည်။   မြန်မာပြည်သူများ  ပိုမိုတိုးတက်သာယာဝပြောပါစေကြောင်းလည်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပူးရ်ပါ ကာမယ်လ် ဒါဟဲလ် 
‘ပရာချန်ဒါ’ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏  (၇၆) နှစ်မြောက်   လွတ်လပ်ရေးနေ့အခါသမယတွင်  မိမိအနေဖြင့်  နီပေါနိုင်ငံအစိုးရနှင့်  ပြည်သူများကိုယ်စား အဆွေတော်နှင့် မြန်မာပြည်သူများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။ ချစ်ခင် ရင်းနှီးဖွယ်ကောင်းသော မြန်မာပြည်သူများ ပိုမိုတိုးတက်သာယာဝပြောပါစေကြောင်းလည်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။