
နေပြည်တော် ဇန်နဝါရီ ၆
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်ထံသို့
သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ အလီ ဆာဘရီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်အား ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း မိမိအနေဖြင့် ပြောကြားလိုပါသည်။
နှစ်နိုင်ငံအကြား လေးနက်ခိုင်မာသည့် ဘာသာရေးနှင့် ယဉ်ကျေး မှုဆိုင်ရာ တူညီမှုများကို အခြေခံ၍ ကာလရှည်ကြာစွာ တည်ရှိခဲ့သည့် ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွေ့မြင်ရသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်မိပါသည်။ နှစ်နိုင်ငံ အကျိုးအမြတ်ရရှိ စေရန်အတွက် ဘုံစိတ်ဝင်စားသည့် နယ်ပယ်များတွင် နီးကပ်စွာ ဆက်နွှယ်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကျယ်ပြန့်လာစေရန်နှင့် တိုးတက်လာစေရန်အတွက် မျှော်လင့်မိပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိကြောင်း ဖော်ပြလျက် မြန်မာပြည်သူများ အေးချမ်းပျော်ရွှင်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။