
နေပြည်တော် ဇန်နဝါရီ ၆
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့
သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
သမ္မတ မစ္စတာ ရာနေးလ် ဝစ်ခ်ရီမီဆင်းဟီ ထံမှ
ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရအဖွဲ့၊ ပြည်သူများနှင့် မိမိ၏ကိုယ်စား ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဖော်ပြလျက် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် တူညီသော ယဉ်ကျေးမှု စံနှုန်းများနှင့် ထေရဝါဒဗုဒ္ဓဘာသာ၏ အဆုံးအမများအပေါ် အခြေခံ၍ သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားတွင် ကာလရှည်ကြာသော ချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သည်ကို ဝမ်းမြောက်စွာ ဖော်ပြလိုပါသည်။ နှစ်နိုင်ငံပြည်သူများ၏ အကျိုး စီးပွားအတွက် လာမည့်နှစ်များတွင် နှစ်နိုင်ငံ ရှိရင်းစွဲဆက်ဆံရေး ကို ပိုမိုတိုးတက်ခိုင်မာလာစေမည်ဟု မိမိအနေဖြင့် ခိုင်မြဲစွာယုံကြည် ပါသည်။
မြန်မာပြည်သူများ ငြိမ်းချမ်းပျော်ရွှင်သာယာဝပြောပါစေရန် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။