
နေပြည်တော် ဇန်နဝါရီ ၄
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်
ထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့်
နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး
ဌာန၊ ဝန်ကြီး မစ္စတာ ပရက်ဆုတ်ခ်ခွန်း ထံမှ ပေးပို့သည့်
ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်နှင့် မြန်မာနိုင်ငံ ပြည်သူများထံသို့ ဂုဏ်ယူဝမ်းမြောက်စကားနှင့် ဆုမွန်ကောင်းများ ပို့သခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါသည်၊၊
ဒေသတွင်းနှင့် နိုင်ငံတကာ၌ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်တို့အတွက် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် အာဆီယံမူဘောင် အောက်မှ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် အတွက် အဆွေတော်နှင့် နီးကပ်စွာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်၊၊
အဆွေတော်အား အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါ ကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်၊၊
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်
ထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး
မစ္စတာ ဆာဂေး အယ်လယဲနိခ် ထံမှ ပေးပို့သည့်
ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အမျိုးသားရုံးပိတ်ရက် အခါသမယတွင် အဆွေတော်အား ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။
အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေသည့် နယ်ပယ်များတွင် ဘယ်လာရုစ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖြစ်ထွန်း ရေးအတွက် သိသာထင်ရှားသည့် အလားအလာများကို မှတ်သား မိပါသည်။
မိမိတို့နှစ်နိုင်ငံအကြား သံတမန်ရေးရာနှင့် ကုန်သွယ်-စီးပွားရေး ဆိုင်ရာ ထိတွေ့ဆက်ဆံမှုများကို အရှိန်မြှင့်တင်ရေး စနစ်တကျ လုပ်ဆောင်မှုများသည် စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးတွဲလုပ်ငန်းစဉ်များ သတ်မှတ်ရန်နှင့် လက်တွေ့အကောင်အထည် ဖော်ရန်တို့ကို ဦးတည်ဖြစ်ပေါ်စေမည်ဟု မျှော်လင့်ပါသည်။
အခါအခွင့်ကြုံခိုက် အဆွေတော် ကျန်းမာပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အောင်မြင်မှုများ ရရှိပါစေကြောင်းနှင့် အဆွေ တော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ် ပါသည်။