
နေပြည်တော် ဇန်နဝါရီ ၃
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ထံမှ
ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် လွတ်လပ် ရေးနေ့ အခါသမယတွင် ကမ္ဘောဒီးယားပြည်သူများနှင့်အတူ မိမိအနေ ဖြင့် အဆွေတော်နှင့် မြန်မာပြည်သူများထံသို့ ဂုဏ်ယူဝမ်းမြောက် ကြောင်းနှင့် နှုတ်ခွန်းဆက်သပါကြောင်း ပြောကြားလိုပါသည်။
လွန်ခဲ့သည့် နှစ်ပေါင်း(၆၇) နှစ်ကျော်ကာလအတွင်း ကမ္ဘောဒီးယား နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အပြန်အလှန်လေးစားမှုနှင့် နားလည်မှု တို့ကို အခြေခံ၍ နွေးထွေးချစ်ကြည်သည့် ဆက်ဆံရေးများ ရှိခဲ့ကြပါ သည်။ မိမိတို့နှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် အခြားသော ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မူဘောင် အောက်မှ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
အဆွေတော် ကျန်းမာပျော်ရွှင်ပါစေကြောင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တိုးတက်သာယာဝပြောစေရေးအတွက် ဆုမွန် ကောင်း ပို့သအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်ထံမှ
ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့ လှိုက်လှဲစွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကို စည်းနှောင်းထားသည့် ချစ်ကြည် ရင်းနှီးသောဆက်ဆံရေးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဗလာဒီဗော့စတော့မြို့၌ မိမိတို့၏နှစ်ဖက်တွေ့ဆုံမှုက အပြည့်အဝ ခိုင်မာစေခဲ့ပါသည်။
နှစ်နိုင်ငံအကြား ရရှိထားပြီးဖြစ်သည့် သဘောတူညီချက်များသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံမှုတိုးမြှင့်စေရေးတို့အတွက် နယ်ပယ်စုံရှိ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည် ပါသည်။
အဆွေတော် ကျန်းမာ၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန် ကောင်း တောင်းအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့
နီပေါနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ထံမှ
ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း အဆွေတော်နှင့် မြန်မာပြည်သူပြည်သား များအတွက် ဆုမွန်ကောင်းပို့သအပ်ပါသည်။ အဆွေတော်အနေ ဖြင့် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် မြန်မာပြည်သူများလည်း တိုးတက်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ် ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ မီခေးလ် မီရှုစတင် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အမျိုး သားရုံးပိတ်ရက်အခါသမယတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ ကိုယ်စားနှင့် မိမိတို့မှ အဆွေတော်ထံသို့ နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကို ချစ်ကြည်ရင်းနှီးသည့် မိတ်ဖက် ဆက်ဆံရေးဖြင့် စည်းနှောင်ထားပါသည်။ နှစ်နိုင်ငံအစိုးရများအကြား တက်ကြွသည့် ပူးတွဲဆောင်ရွက်မှုများသည် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာနှင့် လူသားချင်းစာနာမှုဆိုင်ရာ နယ်ပယ်များရှိ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး အလားအလာ ရှိသော စီမံကိန်းများတိုးမြှင့်စေရန် အခြေအနေကောင်းများကို ဖြစ်ထွန်း ရရှိမည်ဟု ယုံကြည်ပါသည်။
အဆွေတော် ကျန်းမာရွှင်လန်းပြီး အရေးကြီးသော လုပ်ငန်း တာဝန်များတွင် အောင်မြင်မှုသစ်များ ရရှိပါစေကြောင်းနှင့် မြန်မာ ပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း လှိုက်လှဲစွာ ဆုမွန် ကောင်း တောင်းအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့
နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပူးရ်ပါ ကာမယ်လ် ဒါဟဲလ်
ပရာချန်ဒါ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယတွင် နီပေါပြည်သူများနှင့် နီပေါ အစိုးရကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အဆွေ တော်နှင့် မြန်မာပြည်သူပြည်သားများအတွက် ဆုမွန်ကောင်း ပို့သအပ် ပါသည်။ အဆွေတော်အနေဖြင့် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် ချစ်ခင်ရင်းနှီးသည့် မြန်မာပြည်သူများလည်း ဆက်လက်သာယာ ဝပြောပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။