ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

 

နေပြည်တော်   ဇန်နဝါရီ    ၁၄

 


၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင်   ကမ္ဘာ့နိုင်ငံအသီးသီးမှ   နိုင်ငံအကြီးအကဲများက  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။ 

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး-၂ ဒါတို ဆရီ ဆတီယာ ဟာဂျီ အယ်ရီဝမ် ဘင် ပီဟင် ယူဆွတ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ


၂၀၂၂ ခုနှစ်၊ နှစ်သစ်အခါသမယတွင် အဆွေတော်နှင့် မိသားစုဝင် များအားထံသို့ ဆုမွန်ကောင်းများပို့သလျက် နွေးထွေးစွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။
မိမိ၏ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မှု အပါအဝင်  ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ  အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ်  တာဝန်ယူဆောင်ရွက်ခဲ့စဉ်  ကာလအတွင်း  အဆွေတော်၏ အားပေးပံ့ပိုးပေးမှုများအတွက်  ကျေးဇူးတင်ရှိပြီး၊  မိမိတို့နှစ်နိုင်ငံ အကြားသာမက နီးကပ်သည့် ဒေသတွင်း မိတ်ဖက်နိုင်ငံများအဖြစ်ပါ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် မျှော်လင့် ပါသည်။

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏    (၇၄)  နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင်   မြန်မာပြည်သူများထံ  ဂုဏ်ယူ ဝမ်းမြောက်ကြောင်းလည်း ပြောကြားလိုပါသည်။
အဆွေတော်နှင့် မိသားစုဝင်များ ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။