ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

 

နေပြည်တော်   ဇန်နဝါရီ  ၇     


၂၀၂၂ ခုနှစ်   ဇန်နဝါရီလ ၄ ရက်နေ့၌   ကျရောက်သည့်    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့  အခါသမယတွင်  ကမ္ဘာ့နိုင်ငံအသီးသီးမှ  နိုင်ငံအကြီးအကဲများက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။ 

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ နီပေါနိုင်ငံ၊          
သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏    (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း  နှုတ်ခွန်းဆက်သအပ်ပြီး  အဆွေတော် ကျန်းမာရွှင်လန်း ပါစေကြောင်းနှင့် မြန်မာပြည်သူများ တိုးတက်သာယာဝပြောပါစေ ကြောင်း  ဆုမွန်ကောင်းပို့သအပ်ပါသည်။