
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံခေါင်းဆောင်များမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့
===================================================
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံ့အကြီးအကဲများက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့ကြသည်။
ဘရူနိုင်းဒါရူဆလမ်နိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင် မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယားထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့်တကွ မြန်မာအစိုးရနှင့် ပြည်သူများအား လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဆုမွန် ကောင်း ပို့သအပ်ပါသည်။
ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နွေးထွေးကောင်းမွန် သည့် ပူးပေါင်းဆောင်ရွက်မှုကို မျှဝေခံစားကြလျက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် လာမည့်နှစ်များအတွင်း ပိုမိုခိုင်မာလာမည်ဟု မိမိ အနေဖြင့် ယုံကြည်ပါသည်။ အထူးသဖြင့် မိမိတို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်မည့် ယခုနှစ်အတွင်း ဘရူနိုင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား အရေးပါသည့် ချစ်ကြည်ရင်းနှီးမှုကို နှစ်နိုင်ငံအကြားတွင် သာမက ဒေသတွင်း မိတ်ဖက်နိုင်ငံများအဖြစ် ပိုမိုမြှင့်တင်သွားနိုင်ရန် မျှော်လင့်ထားပါသည်။
အဆွေတော်နှင့်တကွ မြန်မာအစိုးရနှင့် ပြည်သူများ ကျန်းမာပျော်ရွှင် စေရန် ဆုမွန်ကောင်း ပို့သအပ်ပါသည်။
ဘာရိန်းနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဘာရိန်းနိုင်ငံ ဘုရင် ဟာမဒ် ဘင် အီဆာ အယ်လ်-ခါလီဖာထံမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါ သမယတွင် နွေးထွေးစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဘာရိန်းပြည်သူ ပြည်သားများကိုယ်စား မိမိမှ နှုတ်ခွန်းဆက်သအပ်ပါသည်။
အခါအခွင့်ကြုံခိုက် အဆွေတော် ဆက်လက်၍ ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် အဆွေတော်၏ အမြော်အမြင်ရှိသော ဦးဆောင်မှုအောက်တွင် မြန်မာပြည်သူပြည်သားများ ပိုမိုတိုးတက်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဆွစ်ဇာလန်နိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဆွစ်ဇာလန်နိုင်ငံ သမ္မတ ဂိုင် ပါမီလင်ထံမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ အတွက် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သ အပ်ပါသည်။
ဆွစ်ဇာလန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အပြန်အလှန်ယုံကြည်မှုကို အခြေခံသည့် ကာလရှည်ကြာပြီဖြစ်သော နှစ်နိုင်ငံဆက်ဆံရေးကို ထူထောင် ခံစားလျက်ရှိကြပါသည်။ ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း အခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့နေရချိန်တွင် ဖက်ဒရယ်ကောင်စီကိုယ်စား မိမိအနေဖြင့် မြန်မာနိုင်ငံ နှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်း ဖော်ပြလိုပါသည်။ မြန်မာ-ဆွစ်ဇာလန် ပူးပေါင်းဆောင်ရွက်မှု (၂၀၁၉-၂၀၂၃) အစီအစဉ်အရ မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ကြိုးပမ်းအားထုတ်မှုများတွင် ဆွစ်ဇာလန်နိုင်ငံမှ ဆက်လက်၍ အကူအညီများ ပေးအပ်သွားမည် ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး အထွေထွေ ရွေးကောက်ပွဲ ငြိမ်းချမ်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြား လိုပါသည်။
နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတောင့်တင်းခိုင်မာစေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အဆွေတော်နှင့် မြန်မာပြည်သူ ပြည်သားများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်း ပို့သ အပ်ပါသည်။
အဆွေတော်အား မိမိအနေဖြင့် အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါ ကြောင်း ဖော်ပြအပ်ပါသည်။
သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ် လစ်သမ္မတနိုင်ငံ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့အခါသမယတွင် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား မိမိက နွေးထွေးစွာ ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ဆုမွန် ကောင်းများ ပို့သအပ်ပါသည်။
ထေရဝါဒဗုဒ္ဓဘာသာနှင့် ရာစုနှစ်များစွာ တည်တံ့ခဲ့သော ယဉ်ကျေးမှု တူညီမှုများက သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့အကြား ကာလရှည်ကြာ တည်ရှိခဲ့ သည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ခိုင်မြဲစွာ စည်းနှောင်ထားပါသည်။ သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့အကြား ရာစုနှစ်များစွာ ရှင်သန်ခဲ့သည့် နက်ရှိုင်း သော ချစ်ကြည်မှုသည် မကြာသေးမီနှစ်များအတွင်း ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းလာခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံ၌ ၁၈၀၃ ခုနှစ်နှင့် ၁၈၆၅ ခုနှစ်တို့တွင် အမရပူရ နိကာရနှင့် ရာမန်န နိကာရတို့ကို တည်ထောင်ခဲ့မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည့် အထောက်အထားများ ဖြစ်ပါ သည်။ နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေရေးအတွက် လာမည့်နှစ်များ တွင်လည်း ရှိရင်းစွဲဆက်ဆံရေး ဆက်လက်တိုးတက်လာမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
အဆွေတော် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် မြန်မာပြည်သူများ ပျော်ရွှင်မှုနှင့် သာယာဝပြောမှုတို့ကို ဆက်လက်ရရှိပါစေကြောင်း မိမိက ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဆားဘီးယားသမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဆားဘီးယားသမ္မတနိုင်ငံ သမ္မတ အဲလက်ဇန္ဒြား ဗူစစ်ထံမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် ဆားဘီးယားပြည်သူများကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများ ဆတက်ထမ်းပိုး ကြွယ်ဝချမ်းသာပါစေ ကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။
ဆယ်စုနှစ်များစွာ အဓွန့်ရှည်လျက်ရှိသည့် မြန်မာ-ဆားဘီးယား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် ဘက်မလိုက်လှုပ်ရှားမှု၏ အခြေခံမူများ အပေါ်တွင် အခြေပြုထားပြီး အထူးအလေးထားသော အပြန်အလှန်လေးစားမှုနှင့် တန်ဖိုးထားမှုတို့ဖြင့် ဖော်ညွှန်းလျက်ရှိပါသည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ကျရောက်သည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်(၇၀)ပြည့် အခါသမယမှသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်အားလုံး၌ အရည်အသွေးပြည့်ဝသည့် ပူးပေါင်းဆောင်ရွက်မှုတို့အား ဆက်လက်၍ မြှင့်တင်နိုင်လိမ့်မည်ဟု မိမိအနေဖြင့် ခိုင်မာစွာယုံကြည်ပါသည်။
ဆားဘီးယားသမ္မတနိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာကို လေးစားသော မြန်မာနိုင်ငံ၏ ရပ်တည်ချက်အား အထူးတန်ဖိုးထား ကျေးဇူး တင်ရှိပြီး အဆိုပါရပ်တည်ချက်သည် အပြည်ပြည်ဆိုင်ရာဥပဒေ၏ အခြေခံ စည်းမျဉ်းများနှင့် ကုလသမဂ္ဂပဋိညာဉ် စာတမ်းတို့ကို ကာကွယ်စောင့်ရှောက်ခြင်း သာမက နှစ်နိုင်ငံအကြား တည်ရှိသော စည်းလုံးညီညွတ်မှုနှင့် အစဉ်လာမပြတ် ကောင်းမွန်သော ချစ်ကြည်ရင်းနှီးမှုတို့ကို ခိုင်မာစေခြင်းဖြစ်သည်ဟု ဆားဘီး ယားအနေဖြင့် မှတ်ယူထားပါသည်။
အဆွေတော်နှင့် မကြာမီကာလတွင် တွေ့ဆုံ၍ နှစ်နိုင်ငံပြည်သူပြည်သားများ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေး သွားနိုင်မည်ဟု မိမိအနေဖြင့် မျှော်လင့်ပါသည်။
အဆွေတော်အား မိမိအနေဖြင့် အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါ ကြောင်း ဖော်ပြအပ်ပါသည်။
နီပေါနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ နီပေါနိုင်ငံ သမ္မတ ဘီဒီယာဒေဗီ ဘန်ဒါရီထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့အခါသမယတွင် မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆွေတော် ကျန်းမာပျော်ရွှင်ပါစေကြောင်းနှင့် မြန်မာပြည်သူများ တိုးတက်သာယာဝပြော ပါစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။
ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ သမ္မတ ဂျဲ ဘော်ဆွန်နဲရိုထံမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်အခါသမယအတွက် ဘရာဇီးနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်ပါသည်။
အခါအခွင့်ကြုံခိုက် မြန်မာနိုင်ငံနှင့် ဘရာဇီးနှစ်နိုင်ငံ ပြည်သူများ၏ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုအတွက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန် ဘရာဇီးနိုင်ငံအနေဖြင့် ဆန္ဒရှိကြောင်းကို ထပ်လောင်းအတည် ပြုလျက် မြန်မာပြည်သူပြည်သားများ ကြွယ်ဝချမ်းသာပါစေကြောင်းနှင့် ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိကြောင်း ဖော်ပြ အပ်ပါသည်။
နီကာရာဂွါသမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ နီကာရာဂွါသမ္မတနိုင်ငံ သမ္မတ ဒယ်နီယယ် အော်တီဂါ စာဗီဒရာနှင့် ဒုတိယသမ္မတ ရိုစာရီမူရီလို တို့ထံမှ (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။
ယခုကဲ့သို့ အမှတ်ရဖွယ်အထိမ်းအမှတ်နေ့ဖြစ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့နှစ်ပတ်လည် အခါသမယတွင် လွတ်လပ်သော နီကာရာဂွါနိုင်ငံမှ ညီရင်းအစ်ကိုပမာ အလေးထားလျက် ဆုမွန်ကောင်း တောင်းအပ်ပါသည်။
မိမိတို့အနေဖြင့် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြားရှိ ထူးကဲလှသည့် ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ အဓိကကျသောကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အထူးအလေးအနက်ထားရှိပါသည်။ အထူးသဖြင့် ယခုကဲ့သို့စိန်ခေါ်မှုများရှိနေချိန်တွင် နှစ်နိုင်ငံအကြား နီးကပ်စွာ တည်ရှိမှုနှင့် တစ်ထပ်တည်းကျမှုတို့ကို အလေးအနက်ထားပါသည်။
ကမ္ဘာ့နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းမှုဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြသော မိမိတို့နှစ်နိုင်ငံအနေဖြင့် ပြည်သူများ၏ တည်ငြိမ်အေးချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုတို့အတွက် မိမိတို့ နှစ်နိုင်ငံအကြား ခိုင်မာသောဆက်ဆံရေးကို ညီရင်းအစ်ကိုပမာ အကောင်းဆုံး မြှင့်တင် ဖော်ဆောင်ရန်ဆန္ဒရှိပါသည်။
နှစ်နိုင်ငံပြည်သူများ ဘဝတစ်လျှောက်လုံး ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်တို့အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မိုဟာမက် အဗ္ဗဒူလ် ဟာမစ်ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် ဘင်္ဂလားဒေ့ရှ်ပြည်သူများကိုယ်စားအနေဖြင့်လည်းကောင်း၊ မိမိအနေ ဖြင့်လည်းကောင်း အဆွေတော်နှင့် မြန်မာပြည်သူများအား ဆုတောင်းမေတ္တာ ပို့အပ်ပါကြောင်းနှင့် ဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံပြည်သူများနှင့် ဒေသအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေးနှင့် ငြိမ်းချမ်းမှု ရရှိစေရေးတို့အတွက် မြန်မာနိုင်ငံနှင့် အတူတကွ နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့် ပါသည်။
ယခုလိုအခါသမယတွင် အဆွေတော် ကျန်းမာပျော်ရွှင်ပါစေကြောင်းနှင့် မြန်မာပြည်သူများ ဆက်လက်၍ ငြိမ်းချမ်းမှု၊ တိုးတက်မှုနှင့် ကြွယ်ဝ ချမ်းသာမှုများ ရရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ သမ္မတ အယ်ဘ်ဒက်မက်ဂျီ တက်ဘွန်ထံမှ (၇၃)နှစ် မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အဆွေတော် ကျန်းမာ ချမ်းသာပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားများအနေဖြင့်လည်း ပိုမို ဖွံ့ဖြိုးတိုးတက်၍ သာယာဝပြောကြပါစေကြောင်း အယ်လ်ဂျီးရီးယားအစိုးရ နှင့် ပြည်သူများကိုယ်စား မိမိမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရန် အဆွေတော်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားရန် အသင့်ရှိပါကြောင်းကိုလည်း အခွင့်အခါကြုံခိုက် ဖော်ပြအပ်ပါသည်။
အဆွေတော်အား နွေးထွေးစွာ ဂုဏ်ပြုလျက် အစဉ်ချစ်ကြည်အလေးထား လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ရေးရာကော်မရှင်ဥက္ကဋ္ဌ ကင်မ်ဂျုံအွန်းထံမှ (၇၃)နှစ် မြောက်လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများထံသို့ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သအပ်ပါ သည်။
အခါအခွင့်ကြုံခိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား အစဉ်အလာရှိသည့် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုတိုးတက် မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်။ အဆွေတော်နှင့် မြန်မာ ပြည်သူများ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် မြန်မာနိုင်ငံသာယာဝပြော ရေးကြိုးပမ်းအားထုတ်မှုများ အောင်မြင်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါ သည်။
ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများထံသို့ နွေးထွေးလှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအပေါ် အထူး အလေးထားပါသည်။ မိမိတို့နှစ်နိုင်ငံ ငြိမ်းချမ်းသာယာဝပြောစေရေးအတွက် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒပြင်းပြလျက်ရှိပါ သည်။
မြန်မာနိုင်ငံ၏ မင်္ဂလာရှိသည့် နေ့ထူးနေ့မြတ်အခါသမယ၌ အဆွေတော် ကျန်းမာပျော်ရွှင်ပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားများ ကြွယ်ဝ ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်ရှိကြောင်း ဖော်ပြအပ်ပါ သည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိကြောင်း ဖော်ပြ အပ်ပါသည်။
ဘရူနိုင်းဒါရူဆလမ်နိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယားထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့အခါသမယတွင် အဆွေတော်နှင့်တကွ မြန်မာအစိုးရနှင့် ပြည်သူများအား လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။
ဘရူနိုင်းဒါရူဆလမ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအား အထူး အလေးထားပြီး မိမိအနေဖြင့်လည်း နှစ်နိုင်ငံနှင့် ဒေသတွင်း နီးကပ်သည့် မိတ်ဖက် ဆက်ဆံရေးကို တန်ဖိုးထားပါသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအနေဖြင့် မိမိတို့၏ ဒေသတွင်း ဘုံရည်မှန်းချက်များ ပြည့်မီစေရန် အာဆီယံအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်လာစေရေး အဆွေတော်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွား ရန် မျှော်လင့်ပါသည်။
အဆွေတော် ကျန်းမာပျော်ရွှင်စေရန် ဆုမွန်ကောင်းပို့သအပ်ပါသည်။
နီကာရာဂွါသမ္မတနိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ နီကာရာဂွါ သမ္မတနိုင်ငံ သမ္မတ ဒယ်နီယယ် အော်တီဂါ စာဗီဒရာနှင့် ဒုတိယသမ္မတ ရိုစာရီ မူရီလိုတို့ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ယခုကဲ့သို့ အမှတ်ရဖွယ်အထိမ်းအမှတ်နေ့ဖြစ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်အခါ သမယတွင် လွတ်လပ်သောနီကာရာဂွါနိုင်ငံမှ ညီရင်းအစ်ကိုပမာ အလေးထား လျက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မိမိတို့အနေဖြင့် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြားရှိ ထူးကဲလှသည့် ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ အဓိကကျသောကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုတို့အပေါ် အထူးအလေးအနက်ထားရှိပါသည်။ အထူးသဖြင့် ယခုကဲ့သို့ စိန်ခေါ်မှုများရှိနေချိန်တွင် နှစ်နိုင်ငံအကြား နီးကပ်စွာတည်ရှိမှုနှင့် တစ်ထပ်တည်းကျမှုတို့ကို အလေးအနက်ထားပါသည်။
ကမ္ဘာ့နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းမှုဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြသော မိမိတို့နှစ်နိုင်ငံအနေဖြင့် ပြည်သူများ၏ တည်ငြိမ်အေးချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုတို့အတွက် မိမိတို့ နှစ်နိုင်ငံအကြား ခိုင်မာသောဆက်ဆံရေးကို ညီရင်းအစ်ကိုပမာ အကောင်းဆုံး မြှင့်တင်ဖော်ဆောင်ရန် ဆန္ဒရှိပါသည်။
နှစ်နိုင်ငံပြည်သူများ ဘဝတစ်လျှောက်လုံး ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်တို့အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိကြောင်း ဖော်ပြ အပ်ပါသည်။
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ထောင်လွန်း ဆီဆုလစ်ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့အခါသမယတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် အဆွေတော်၊ မြန်မာအစိုးရနှင့် မြန်မာပြည်သူ များအား လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။
မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကောင်းမွန်သည့် ပူးပေါင်း ဆောင်ရွက်မှုတို့တွင် ပြီးခဲ့သည့် (၆၅)နှစ်တာကာလအတွင်း ပိုမိုခိုင်မာ တိုးတက်လာခဲ့သည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရပါသည်။ မိမိတို့နှစ်နိုင်ငံ အပြန်အလှန် အကျိုးစီးပွားနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဖြစ်ထွန်း စေရန် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုခိုင်မာရေး အတွက် မိမိအနေဖြင့် အဆွေတော်နှင့် နီးကပ်စွာ လက်တွဲကြိုးပမ်းသွားရန် အသင့်ရှိပါသည်။
သက္ကရာဇ် ၂၀၂၁ ခုနှစ် အခါသမယ၌ အဆွေတော် ကျန်းမာပျော်ရွှင်ပြီး မြန်မာနိုင်ငံနှင့် ပြည်သူများအား ပိုမိုဖွံ့ဖြိုးတိုးတက်၍ ရေရှည်သာယာ ဝပြောရေးအတွက် ဦးဆောင်ဦးရွက်ပြုနိုင်ပါစေကြောင်း ဆုမွန်ကောင်းပို့သ အပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
နီပေါနိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေ၊ ပီ၊ ရှာမာ အိုလီ ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် နီပေါအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် အဆွေတော်နှင့် မြန်မာပြည်သူများထံ ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားလိုပါသည်။
အဆွေတော် ကျန်းမာပျော်ရွှင်ပါစေကြောင်းနှင့် မြန်မာပြည်သူများ တိုးတက်၍ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မိမိတို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် နောင်လာမည့် နှစ်များတွင်လည်း ပိုမိုတိုးတက်လာမည်ဟု မိမိက ယုံကြည် ပါသည်။
အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် အက်ဘ်ဒီ လက်ဇီး ဒီဂျီရက် ထံမှ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် အဆွေတော် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် ဖော်ရွေသော မြန်မာ ပြည်သူပြည်သားများလည်း ဆက်လက်ဖွံ့ဖြိုးတိုးတက်၍ သာယာဝပြော ကြပါစေကြောင်းကို ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာစေရန် အဆွေတော်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်းကိုလည်း အခွင့်အခါကြုံခိုက် အတည်ပြုပြောကြား လိုပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။