
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်း
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်
ဒီနေ့ ကျင်းပပြုလုပ်မယ့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို တက်ရောက် လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှ မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများ၊ ဆက်စပ်နှီးနွှယ် ပညာရှင်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းလျက် ဦးစွာနှုတ်ခွန်းဆက်သ အပ်ပါတယ်။
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲများကို ၂၀၀၀ ပြည့်နှစ်ကစပြီး နှစ်စဉ် ကျင်းပလာခဲ့တာ ယခုဆိုရင် (၂၂) ကြိမ်မြောက် ကျင်းပနိုင်ပြီဖြစ်ပါတယ်။ ယခု ၂၀၂၃ ခုနှစ်မှာ ကျင်းပတဲ့ (၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲမှာ မြန်မာ့တိုင်းရင်းဆေးပညာကို ဘက်ပေါင်းစုံခေတ်မီဖွံ့ဖြိုး တိုးတက်စေရေးအတွက်ရည်ရွယ်ပြီး အနယ်နယ်အရပ်ရပ်မှ တက်ရောက် လာကြတဲ့ တိုင်းရင်းဆေးသမားတော်ကြီးများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြမယ်လို့ သိရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။
မြန်မာ့တိုင်းရင်းဆေးပညာဟာ နှစ်ပေါင်းထောင်ချီ ရှည်လျားခဲ့ တဲ့ သမိုင်းစဉ်တစ်လျှောက် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အခြေခိုင်မာစွာ ဖြစ်ထွန်းတည်တံ့ခဲ့တဲ့ အမျိုးသားဆေးပညာဖြစ်ပါ တယ်။ မြန်မာလူမျိုးတို့ဟာ ခေတ်အဆက်ဆက် မြန်မာ့တိုင်းရင်းဆေး ပညာနဲ့ ကျန်းမာအောင် နေထိုင်ခဲ့ကြပါတယ်။ တိုင်းရင်းဆေးဖြင့် အသက်ရှင်ခဲ့ကြပါတယ်။ မြန်မာ့တိုင်းရင်းဆေးပညာရဲ့ အခြေခံဖြစ်တဲ့ ဒေသနာနယ၊ ဘေသဇ္ဇနယ၊ ဝိဇ္ဇာဓရနယ၊ နက္ခတ္တနယဟူသော နယကြီးလေးပါးကိုအခြေတည်ပြီး လက်တွေ့ပျောက်ကင်းအောင် ကုသနိုင်ခဲ့တဲ့ မှတ်တမ်းများကို တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်စတဲ့ ခေတ်အဆက်ဆက်မှာ တိုင်းရင်းဆေးပညာရပ် ဆိုင်ရာ ပေ၊ ပုရပိုက်များ၊ စာပေကျမ်းဂန်များနဲ့ ဆေးကျမ်းများမှာ တွေ့ရှိရပါတယ်။ ဒါ့အပြင် ရှေးခေတ်တိုင်းရင်းသမားတော်ကြီးများကိုယ်တိုင် ဘုရင်နဲ့တကွ၊ မင်းညီမင်းသားများ၊ မှူးကြီးမတ်ရာများ၊ သေနာပတိများနဲ့ တိုင်းသူပြည်သားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တဲ့ မှတ်တမ်းများ အထင်အရှားတွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်ဒေသများ မှာနေထိုင်ကြပြီး ကျေးလက်နေပြည်သူများရဲ့ ကျန်းမာရေးစောင့်ရှောက် မှုများမှာ ယနေ့ထိတိုင် ရိုးရာတိုင်းရင်းဆေးဝါးများကို ယုံကြည် အားထားပြီး သုံးစွဲလျက်ရှိနေကြတာကို တွေ့ရှိရပါတယ်။
ယနေ့အချိန်အခါမှာ နိုင်ငံတော်အနေနဲ့ တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မယ့် ကျန်းမာ ရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ကြောင့် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်အမျိုးသားဆေးပညာဖြစ်တဲ့ မြန်မာ့တိုင်းရင်း ဆေးပညာနဲ့ တိုင်းရင်းသားပြည်သူများရဲ့ ကျန်းမာရေးကို အပြည့်အဝ စောင့်ရှောက်မှုပေးနိုင်ဖို့အတွက် နိုင်ငံတစ်ဝန်း တိုင်းရင်းဆေးရုံ၊ ဆေးခန်းများကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ဖွင့်လှစ်ပေးလျက် ရှိပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ခေတ်မီဆေးသိပ္ပံပညာများ ဖွံ့ဖြိုး တိုးတက်လာသကဲ့သို့ သဘာဝဆေးဝါးများကို တွင်ကျယ်စွာအသုံးပြု လာကြတာကို တွေ့ရပါတယ်။ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဟူတဲ့ သဘောတရားနဲ့အညီ နေ့စဉ်နေထိုင်မှုလူမှုဘဝမှာလည်း မြန်မာ့တိုင်းရင်းဆေးပညာအခြေခံသဘောတရားဖြစ်တဲ့ ချို၊ ချဉ်၊ ငန်၊ စပ်၊ ခါး၊ ဖန် ရသာခြောက်ပါးကို ညီညွတ်မျှတစွာ စားသုံးပေး ခြင်းဖြင့် သက်ရှည် ကျန်းမာစွာနေထိုင်နိုင်တဲ့ နည်းလမ်းကောင်းများ ရှိနေပါတယ်။ ဒါ့ကြောင့် မြန်မာ့တိုင်းရင်းဆေးပညာကို တန်ဖိုးထား ထိန်းသိမ်းရန် လိုအပ်သကဲ့သို့ ပြည်သူလူထုအနေဖြင့် တိုင်းရင်းဆေး ပညာနည်းစနစ်များအရ နေ့စဉ်မျှတစွာ စားသောက်နေထိုင်ကြစေ လိုကြောင်းကို တိုက်တွန်းမှာကြားလိုပါတယ်။
မြန်မာ့သမိုင်းအစဉ်အဆက် လက်ဆင့်ကမ်း အသုံးပြုခဲ့ကြတဲ့ မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာ အဆင့်အတန်း ပိုမိုမြင့်မားစေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာများ သင်ယူလေ့လာခြင်း၊ မျှဝေ ခြင်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်း၍ ကမ္ဘာ့အလယ်မှာ မြန်မာ့တိုင်းရင်းဆေးပညာဟု ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါတယ်။ နိုင်ငံတော် အနေဖြင့် အဘက်ဘက်ကလိုအပ်ချက်များကို ဝိုင်းဝန်းပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်၏ လမ်းညွှန်ပံ့ပိုးပေးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နှစ်စဉ် သုတေသနရန်ပုံငွေများ ထောက်ပံ့ပေးလျက်ရှိပါတယ်။ တိုင်းရင်းဆေး ပညာ ဦးစီးဌာနအနေနှင့် အစွမ်းထက်မြက်လှသော မြန်မာ့တိုင်းရင်း ဆေးပညာ ကုထုံးများ၊ ဆေးနည်းများ၊ ဆေးပင်များကို အတွေ့အကြုံ အခြေပြုဆေးပညာမှသည် အထောက်အထားအခြေပြု ဆေးပညာ အဖြစ်သို့ရောက်ရှိအောင် သုတေသနများတိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းမှာကြားလိုပါတယ်။
ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်နေချိန် ၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက မြန်မာ့ တိုင်းရင်းဆေးကျမ်းလာ ဝိသမအဖျားပျောက်ဆေးကို စနစ်တကျ သုတေသနဆောင်ရွက်၍ ကိုဗစ် - ၁၉ ရောဂါလက္ခဏာများကို သက်သာ ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ကိုဗစ်-၁၉ ရောဂါ ကုသ ဆေးတစ်လက် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တိုင်းရင်းဆေးရုံ၊ ဆေးခန်း များမှာ ဝိသမအဖျားပျောက်ဆေးဖြင့် ကိုဗစ်-၁၉ ရောဂါသာမက ရာသီတုပ်ကွေးရောဂါကိုပါ ကုသပေးနေတာကို သိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာ့တိုင်းရင်း ဆေးဝါးများ ထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး ဒေသထွက်ကုန်ကြမ်းများ ကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း (MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေး ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ ဝိသမအဖျားပျောက်ဆေးကဲ့သို့ မြန်မာ့တိုင်းရင်းဆေးဝါးများကို စနစ်တကျသုတေသနပြုလုပ်၍ အများပြည်သူ ယုံကြည်အားထားလာအောင် ဆောင်ရွက်ကြရန်နှင့် ဘေးဥပဒ်ကင်းပြီး အရည်အသွေးအာမခံချက်ရှိသည့် မြန်မာ့တိုင်းရင်း ဆေးဝါးများကို မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံတကာသို့တင်ပို့နိုင် အောင် မျှော်မှန်းဆောင်ရွက်ကြရန်ကိုလည်း အားပေးတိုက်တွန်း လိုပါတယ်။
နိဂုံးချုပ်အနေဖြင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ နှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို နှစ်စဉ်ကျင်းပပေးရ ခြင်းသည် မြန်မာ့တိုင်းရင်းဆေးပညာနှင့် တိုင်းရင်းဆေးဝါးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များထဲက အရေးကြီးသောကဏ္ဍ တစ်ရပ်အနေဖြင့် ပါဝင်လျက်ရှိပါတယ်။ ယခု (၂၂)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့ ဝိုင်းဝန်းပံ့ပိုးပေး ခဲ့ကြတဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာနများက ပညာရှင်ကိုယ်စားလှယ်များ၊ ကဏ္ဍအလိုက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြသူ တိုင်းရင်းဆေးရပ်ဝန်းမှအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ညီလာခံကိုတက်ရောက် လာကြတဲ့ ကိုယ်စားလှယ်များအချင်းချင်း တွေ့ဆုံခိုက် ချစ်ခင်ရင်းနှီး စွာ စည်းလုံးညီညွတ်ပွင့်လင်းစွာဖြင့် ဆွေးနွေးတိုင်ပင်နှီးနှောပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ဤဂုဏ်ပြုမိန့်ခွန်းကို ပေးပို့အပ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ