
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ နှစ်ပတ်လည်အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူ များအား နွေးထွေးလှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သလိုက်ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ လေးစားအားရဖွယ် ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများမှာ မြန်မာပြည်သူများ၏ စိတ်အား ထက်သန်သော ကြိုးပမ်းအားထုတ်မှုများကိုထင်ဟပ်စေကြောင်း တွေ့မြင်ရပါသည်။
ယမန်နှစ် ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ၊ ဂိုဟာမြို့၌ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ပါဝင်ခွင့်စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မိသားစုဝင်အဖြစ် မြန်မာနိုင်ငံ ပါဝင်ခြင်းကို တရားဝင်သတ်မှတ်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့အကြား မိတ်ဖက်ဆက်ဆံရေး ဆက်လက်ဖွံ့ဖြိုး တိုးတက်ပြီး ဒေသတွင်း အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုစေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။ ထို့ပြင် ကဏ္ဍအသီးသီးတွင် မိမိတို့၏ မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ပိုမိုခိုင်မာစေရန် မိမိအနေဖြင့် မျှော်လင့်ပါသည်။
အဆွေတော် ကျန်းမာချမ်းသာပါစေကြောင်း၊ လုပ်ငန်းဆောင်တာများ ပိုမိုအောင်မြင်ပါစေကြောင်းနှင့် ခင်မင်ရင်းနှီးဖွယ်ကောင်းသော မြန်မာနိုင်ငံသားများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်းနှင့် ကံကောင်းခြင်းများ ကြုံတွေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါ သည်။
အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။