ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ ပေးပို့သည့်အဖွင့်မိန့်ခွန်း

 

( ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက် ) 

အားလုံးမင်္ဂလာပါ


ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံး စိတ္တသုခ၊ ကာယသုခ နှစ်ဖြာသောသုခနဲ့ပြည့်စုံကြပြီး မင်္ဂလာ အပေါင်းနဲ့ပြည့်ဝကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။


ဒီနေ့ မတ်လ(၈)ရက်နေ့ဟာ ကမ္ဘာတစ်ဝန်းလုံးက အမျိုးသမီး များအတွက် အထင်ကရနေ့တစ်နေ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုး သမီးများနေ့ပဲ ဖြစ်ပါတယ်။ နှစ်စဉ် ဒီနေ့ရောက်တိုင်း အမျိုးသမီးတွေ ရဲ့အခွင့်အရေးနဲ့  စွမ်းဆောင်နိုင်မှုတွေကို   ပိုမိုအာရုံစိုက်မိလာစေဖို့နဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား အကောင် အထည်ဖော်လာ‌စေဖို့ ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ နေ့အထိမ်းအမှတ်အခမ်းအနားတွေကို ကမ္ဘာနဲ့အဝန်း ကျင်းပကြမြဲ ဖြစ်ပါတယ်။
ယခုနှစ် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်ကတော့ “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများ တွင် မြှုပ်နှံပေး”  (Invest  in  Women:  Accelerate  Progress) ဖြစ်ပါတယ်။  


ဒီဆောင်ပုဒ်ရဲ့ရည်ရွယ်ချက်အရ ကျား မ တန်းတူညီမျှမှု ရရှိစေဖို့ အတွက် အမျိုးသမီးနဲ့မိန်းကလေးငယ်များရဲ့ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမီရရှိပြီး  စီးပွားရေးမှာ ပိုမိုပါဝင်လာစေမယ့် နည်းလမ်းတွေ ကို စူးစမ်းလေ့လာကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။


နိုင်ငံတကာမှာ   ကဏ္ဍအသီးသီးရဲ့    ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ရွက်နိုင်ခဲ့ကြပေမယ့် အထူးသဖြင့် အမျိုးသမီးများ စီးပွားရေး ကဏ္ဍမှာ တန်းတူပါဝင်ခွင့်ရရှိဖို့အတွက် အခက်အခဲများစွာကို သိသိ သာသာ  ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်တာကို   ကမ္ဘာ့နိုင်ငံအားလုံး သတိပြုမိစေဖို့  ဆောင်ပုဒ်နဲ့အသိပေးနှိုးဆော်ခြင်း   ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ဆိုင်ရာအခွင့်အလမ်းများ၊ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများနဲ့ စာတတ်မြောက်မှုတို့မှာ တန်းတူညီမျှ လက်လှမ်းမီမှု ရရှိမယ်ဆိုရင် ကျား မ တန်းတူညီမျှမှုကို ရရှိနိုင်ကြောင်း ဒီဆောင်ပုဒ်က မီးမောင်းထိုးပြခြင်းပဲ ဖြစ်ပါတယ်။ 


အမျိုးသမီးများနဲ့ မိန်းကလေးငယ်များ စွမ်းဆောင်ရည်မြင့်မား စေဖို့၊ သူတို့ရဲ့လေ့လာနိုင်စွမ်း၊ ဝင်ငွေရှာဖွေနိုင်စွမ်းနဲ့ ဦးဆောင်နိုင်စွမ်း တွေကို ခိုင်မာအားကောင်းလာစေဖို့ အမျိုးသမီးများရဲ့ အခက်အခဲများ၊ လိုအပ်ချက်များကို   ဖြည့်ဆည်းပေးခြင်းဟာ   အနာဂတ်အတွက် ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုလို့ ဆိုရမှာပဲဖြစ်ပါတယ်။ 


၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါ၊ ပထဝီဝင် နိုင်ငံရေးဆိုင်ရာပဋိပက္ခ၊  ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေနဲ့ စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုများဟာ ကမ္ဘာ့လူဦးရေ ၇၅ သန်း ကျော်ကို ဆင်းရဲမွဲတေမှုဆီသို့ တွန်းပို့ခဲ့ပါတယ်။ ဒီအခြေအနေတွေကို လိုအပ်တဲ့ တုံ့ပြန်ချက်တွေ မဆောင်ရွက်နိုင်ဘူးဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၃၄၂ သန်းကျော်ဟာ ၂၀၃၀ ပြည့်နှစ်မှာ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်ကို ရောက်ရှိဖို့ ဦးတည်နေပြီလို့ သိရှိရ ပါတယ်။


ယနေ့မြန်မာအမျိုးသမီးများဟာ မိသားစုအတွင်း၊ ရပ်ရွာလူမှု အဖွဲ့အစည်းအတွင်းသာမက နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များမှာပါ အမျိုးသား များနဲ့ တန်းတူ အကျိုးပြုနိုင်သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အမျိုးသမီးများရဲ့ အင်အားကိုပါရယူပြီး လိုအပ်တဲ့ ကဏ္ဍတွေမှာ ပါဝင်ခွင့်ပေးရမှာဖြစ်ပါတယ်။


အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်မြင့်မားစေဖို့အတွက် စာတတ် မြောက်မှုဟာ အခြေခံကျတဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ စစ်တမ်း များရဲ့ ဖော်ပြချက်အရ ကမ္ဘာနဲ့အဝန်း အမျိုးသမီးစာတတ်မြောက်မှုနှုန်း ဟာ ၂၀၀၀ ပြည့်နှစ်မှာ ၇၃ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ၈၂ ဒသမ ၇ ရာခိုင်နှုန်း တိုးမြင့်လာတာကို တွေ့ရပါတယ်။ အာဆီယံ ဒေသတွင်းမှာ အမျိုးသမီးစာတတ်မြောက်မှုနှုန်းဟာ ၂၀၀၀ ပြည့်နှစ် မှာ ၈၉ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၉၅ ဒသမ ၁ ရာခိုင် နှုန်းထိ တိုးမြင့်လာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသမီး စာတတ်မြောက်မှုနှုန်းဟာ ၂၀၀၀ ပြည့်နှစ်မှာ  ၇၃  ရာခိုင်နှုန်းရှိရာ က ၂၀၂၃ ခုနှစ်မှာ ၈၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာနေပြီဖြစ်ပါတယ်။


မြို့ပြမှာသာမက ကျေးလက်ဒေသမှာနေထိုင်တဲ့ အမျိုးသမီးများ အတွက်  ပညာရေးကဏ္ဍမှာ   ရင်းနှီးမြှုပ်နှံပေးခြင်း၊   အတန်းပညာ မသင်ယူနိုင်တဲ့ အမျိုးသမီးငယ်ရွယ်နဲ့ အမျိုးသမီးများအတွက် ၎င်းတို့ ရဲ့ ဘဝကောင်းမွန်စွာ ရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကျောင်းပညာရပ် များ သင်ယူနိုင်ရေး ပံ့ပိုးပေးကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများကို   မှီခိုမှုကင်းစွာ   ဆောင်ရွက်လာနိုင်ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းကစလို့ အမျိုးသမီးများရဲ့စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။


ကမ္ဘာတစ်ဝန်း ကျား မ အခြေပြု အလုပ်အကိုင်ရရှိမှု  စစ်တမ်း (၂၀၂၃) အရ ၂၀၂၀ ပြည့်နှစ်မှာ အလုပ်ရရှိသူ အမျိုးသားများမှာ ၆၆ ဒသမ ၅၇ ရာခိုင်နှုန်းနဲ့ အမျိုးသမီးများမှာ ၄၃ ဒသမ ၀၂ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ အလုပ်ရရှိသူ အမျိုးသားများမှာ ၆၇ ဒသမ ၈၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီးများမှာ  ၄၃  ဒသမ ၈၂  ရာခိုင်နှုန်းဖြစ်တဲ့ အတွက် အမျိုးသားနဲ့အမျိုးသမီးအကြား  အလုပ်အကိုင်ရရှိမှုအခြေ အနေဟာ ကွာဟနေဆဲဖြစ်ပါတယ်။


ဒါကြောင့် နိုင်ငံတော်အနေနဲ့  အမျိုးသမီးများအများစု   ပါဝင် လုပ်ဆောင်နိုင်မယ့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်တဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုး တိုးတက်ရေးမှာ ကဏ္ဍအလိုက်လိုအပ်တဲ့ ကျွမ်းကျင်မှုများရရှိစေဖို့ အစီအစဉ်များ ဆောင်ရွက်ပေးနေပါတယ်။ အမျိုးသမီးများ လုပ်ငန်းခွင် မှာ နောက်ဆံမတင်းဘဲ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသမီး ဦးရေ ၁၀၀ နဲ့အထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ ကလေးထိန်းဌာန များထားရှိဖို့ လူမှုဖူလုံရေးဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။


ယနေ့ခေတ်မှာ နည်းပညာဖွံ့ဖြိုးတိုးတက်နေတာနဲ့အမျှ အလုပ် အကိုင်ရရှိမှုနဲ့ စီးပွားရေးလုပ်ငန်းများမှာ နည်းပညာဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာတာကြောင့် အမျိုးသမီးများဟာ ခေတ်နဲ့ လျော်ညီစွာ နည်းပညာတွေကို လက်လှမ်းမီသုံးစွဲတတ်ဖို့ လိုပါတယ်။  ကမ္ဘာ့လူဦးရေရဲ့အမျိုးသမီး ၂၇ ရာခိုင်နှုန်းဟာ နည်းပညာနဲ့ သက်ဆိုင် တဲ့လုပ်ငန်းများမှာ အလုပ်အကိုင်ရရှိပြီး ၂၀ ရာခိုင်နှုန်းဟာ နည်းပညာ ကဏ္ဍရဲ့ဦးဆောင်သူနေရာမှာ တာဝန်ယူလျက်ရှိနေကြကြောင်း လေ့လာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာတော့  နည်းပညာနဲ့သက်ဆိုင်တဲ့ အလုပ်အကိုင်တွေမှာ အမျိုးသမီးပါဝင်မှုကို ကောက်ယူထားတဲ့အချက် အလက်မရှိပေမယ့် နည်းပညာ တက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တွေ မှာ တက်ရောက်နေကြတဲ့ အမျိုးသမီး ၄၈ ရာခိုင်နှုန်းရှိပါတယ်။ အမျိုး သမီးများအတွက် အင်ဂျင်နီယာ၊ နည်းပညာ၊ ကွန်ပျူတာဘာသာရပ် များနဲ့ဆက်စပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ကျား၊ မ ခွဲခြားခြင်း မရှိဘဲ  တန်းတူအခွင့်အရေးများ  ရရှိအောင်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အမျိုးသမီးများအနေနဲ့ နည်းပညာကို လက်လှမ်းမီသုံးစွဲနိုင် ဖို့ Digital   Literacy  သင်တန်းများ  ပံ့ပိုးပေးရမှာ  ဖြစ်ပါတယ်။ လက်ရှိမှာလည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနက  လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ   ဖွံ့ဖြိုးမှု သင်တန်းများနဲ့ နည်းပညာမြှင့်တင်ရေး သင်တန်းများကို ဖွင့်လှစ်ပေး လျက်ရှိပြီး သင်တန်းသားများ ခေါ်ယူရာမှာ သတ်မှတ်အရည်အချင်း များနဲ့ကိုက်ညီပါက ကျား မ ခွဲခြားမှုမရှိဘဲ တန်းတူညီမျှစွာ အခွင့် အရေးပေးထားတဲ့အတွက် အမျိုးသမီးများပါဝင်နိုင်အောင် ဆောင်ရွက် ပေးကြဖို့ မှာကြားလိုပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အမျိုးသမီးများရဲ့ စွမ်းဆောင် ရည်မြင့်မားလာစေရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ဒုတိယသက်တမ်း(၂၀၂၃-၂၀၃၂)ကို ရေးဆွဲလျက်ရှိပြီး အတည်ပြုပြီးတဲ့ အခါ အကောင်အထည်ဖော်ရာမှာလည်း  သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးက   ပူးပေါင်းပါဝင်   ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။


၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ထုတ်ပြန်လိုက်တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၁ ရက် နေ့စာရင်းအရ မြန်မာနိုင်ငံရဲ့လူဦးရေ ၅၆ ဒသမ ၂ သန်းမှာ အမျိုးသား ၂၆  ဒသမ ၈ သန်းနဲ့  အမျိုးသမီး  ၂၉  ဒသမ ၄  သန်းရှိတဲ့အတွက် ၅၂ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြပါတယ်။ ၂၀၁၉  ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရပဲ ပြောရရင် ၂၅ နှစ်အထက်  ပညာတတ်မြောက်မှုမှာ  အလယ်တန်း အဆင့်ထိ ပြည်ထောင်စု ၇၂ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှာ အမျိုးသမီးက ၇၃ ဒသမ ၆ ရာခိုင်နှုန်း၊ အမျိုးသား ၇၂ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။ လုပ်သားအင်အားပါဝင်မှုမှာ ပြည်ထောင်စုက ၆၃ ဒသမ ၂ ရာခိုင်နှုန်း ရှိရာမှာ ကျား ၇၅ ဒသမ ၇ ရာခိုင်နှုန်း၊ မ ၅၂ ဒသမ ၇ ရာခိုင်နှုန်း၊ အလုပ်လက်မဲ့ ပြည်ထောင်စု ၂ ဒသမ ၇ ရာခိုင်နှုန်းရှိရာမှာ ကျား ၂ ဒသမ ၁ ရာခိုင်နှုန်း၊ မ ၃ ဒသမ ၄ ရာခိုင်နှုန်း၊ လူဦးရေတွင် အလုပ် လုပ်သူပါဝင်မှုအချိုး   ၆၁  ဒသမ  ၅  ရာခိုင်နှုန်း၊ ကျား  ၇၄  ဒသမ ၁ ရာခိုင်နှုန်း၊ မ ၅၀ ဒသမ ၉ ရာခိုင်နှုန်း အသီးသီးရှိကြတာ တွေ့ရပါ တယ်။ အသေးစိတ်ပြောမယ်ဆိုရင်  များစွာရှိပါတယ်။  ဒီအချက် အလက်တွေကိုကြည့်ရင်   အမျိုးသမီးများရဲ့  အခန်းကဏ္ဍများစွာ မြှင့်တင်ပေးဖို့လိုနေတယ်ဆိုတာ မီးမောင်းထိုးပြနေခြင်းပဲ ဖြစ်ပါ တယ်။ အမျိုးသမီးများရဲ့  စွမ်းပကားကိုအခြေပြုပြီး  နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့  လူမှုအသိုက်အဝန်း  ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ  အရှိန်အဟုန်နဲ့   အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာများမှာ စွမ်းစွမ်းတမံ ပါဝင်ခွင့်ရရှိစေဖို့ ကျွန်တော် တို့ ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။


နိဂုံးချုပ်အနေနဲ့ မြန်မာလူဦးရေရဲ့ ထက်ဝက်ကျော်အင်အားရှိတဲ့ အမျိုးသမီးများရဲ့စွမ်းရည်ကို အသုံးချနိုင်ဖို့နဲ့ စွမ်းဆောင်ရည်ကို ပိုမို မြှင့်တင်ပေးနိုင်ဖို့ “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး”ဆိုတဲ့ ယခုနှစ်ဆောင်ပုဒ်နဲ့အညီ အမျိုးသမီးများ ဘက်စုံ၊ ကဏ္ဍစုံမှာ စွမ်းရည်ပြည့်ဝစေဖို့ နိုင်ငံတော်အစိုးရနဲ့အတူ ပုဂ္ဂလိက၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ပြည်သူများအားလုံး  တက်ညီလက်ညီပူး‌ပေါင်းကာ  အမျိုးသမီးများ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆတက်ထမ်းပိုးတိုးပြီး ရင်းနှီးမြှုပ်နှံ ပေးကြပါရန် တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
    

အားလုံးကိုကျေးဇူးတင်ပါတယ်။