ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်   ဇူလိုင်    ၂၂


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင်    နေပြည်တော်ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး     ပရိဝုဏ်တော် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌  ကျင်းပ ပြုလုပ်ရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများ နှင့် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ် တို့ကို ဆက်ကပ်လှူဒါန်း သည်။


အဆိုပါ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်၊ နေပြည်တော်၊ လယ်ဝေးမြို့၊    ပေါက်မြိုင်ကျောင်းတိုက်   ပဓာန နာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ  အမှူးပြု သည့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့  ဩဝါဒါ စရိယ ဆရာတော်ကြီးများ အပါအဝင်   ပင့်ဖိတ်ထား သည့် ဆရာတော်ကြီး ၁၈ ပါး ကြွရောက်ချီးမြှင့်တော် မူကြပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊     ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊    ဒုတိယဗိုလ်ချုပ်ကြီး  စိုးထွဋ်၊ မန်းငြိမ်းမောင်၊    ဒေါ်အေးနုစိန်၊   ဦးမောင်းဟာ၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ အတွင်းရေး မှူး  ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊     တွဲဖက် အတွင်းရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ်     ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ  အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသန်းကျော်၊          ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါ    ကာကွယ်  ထိန်းချုပ်  ကုသရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ နေရာယူကြ သည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က    သာသနာ့မဟာဗိမာန်တော်ကြီးအတွင်းရှိ   ဗုဒ္ဓရုပ်ပွားတော် မြတ်အား  ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။


ထို့နောက်    အစီအစဉ်အရ     ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို   နမောတဿ သုံးကြိမ်ရွတ်ဆို        ဘုရားကန်တော့ဖွင့်လှစ်ပြီး အနုပညာဦးစီးဌာနမှ       ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ “ထူးမခြားနား” သီချင်းခံသုံးပိုဒ်ကို ဖွင့်လှစ်ပူဇော် သည်။


ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်     အခမ်းအနားတက်ရောက်လာကြသူများက ပေါက်မြိုင်ဆရာတော်ကြီးထံမှ ငါးပါးသီလ   ခံယူဆောက်တည်ကြသည်။


ဆက်ကပ်လှူဒါန်း


ဆက်လက်၍    ဆရာတော်ကြီးများ    ရွတ်ပွား ချီးမြှင့်တော်မူသည့်   မေတ္တသုတ်ပရိတ်တရားတော် များကို  နာယူကြပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေါက်မြိုင်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့်   ဆွမ်း၊    ခဲဖွယ်၊     ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းသည်။


 အသီးသီးဆက်ကပ်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊       ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ်  (ကြည်း)  က မဟာ သီဟနာဒ  ဆရာတော်ကြီးထံ    ဝါဆိုသင်္ကန်း၊  လှူဖွယ်ပစ္စည်းများနှင့်    ဆွမ်း၊    ခဲဖွယ်၊    ဘောဇဉ် တို့ကို ဆက်ကပ်လှူဒါန်းသည်။         ဆက်လက်ပြီး  ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊   ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊      ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊        မန်းငြိမ်းမောင်၊      ဒေါ်အေးနုစိန်၊      ဦးမောင်းဟာ၊        ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်    အခမ်းအနား  တက်ရောက် လာ ကြသူများက  ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်း၊  လှူဖွယ်ပစ္စည်းများနှင့် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို    အသီးသီး   ဆက်ကပ်လှူဒါန်းကြ သည်။


ရေစက်သွန်းချ အမျှပေး


ထို့နောက်  ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ပေါက်မြိုင်ဆရာတော်ကြီးက အနုမော ဒနာတရား ဟောကြားချီးမြှင့်တော်မူပြီး  လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို     ရုပ်သိမ်းခဲ့ကြောင်း   သတင်းရရှိ သည်။ 

 

သတင်းစဉ်