
ဟိုပန် နိုဝင်ဘာ ၂၂
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ် “ဝ” အထူး ဒေသ(၂) နမ့်တစ်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ စတင်ကွင်းဆင်း ဆောင်ရွက်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နမ့်တစ် မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်က “ဝ”အထူးဒေသရှိ တိုင်းရင်းသားပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင် ရွက်ကြခြင်းဖြင့် ရရှိလာမည့်အခွင့်အရေးများနှင့် ကွင်းဆင်းဆောင်ရွက်ပေး သည့်အဖွဲ့အား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေးတို့ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဟိုပန်ခရိုင် ဦးစီးမှူးက ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နမ့်တစ်မြို့ မြို့ပေါ် ရပ်ကွက်များမှ ပြည်သူ များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား တို့ကို စတင်ဆောင်ရွက်ပေးခြင်းကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
သတင်းစဉ်