ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိ‌ပေးကြေညာချက်

၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်)


Coronavirus Disease 2019(COVID-19) ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၁ ခုနှစ်၊   ဩဂုတ်လ ၃၁ ရက်နေ့အထိ  ထုတ်ပြန်ထားသော   ပြည်သူသို့ ပန်ကြားချက်၊  အမိန့်၊ အမိန့်ကြော်ငြာစာ၊  ညွှန်ကြားချက်များ (ဖြေလျှော့‌ပေးထားသည့်ကိစ္စရပ်များ မပါ) အား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။