ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၇၃) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် သဘောတူညီချက် လေးခု လက်မှတ်ရေးထိုး

 

နေပြည်တော်   ဇွန်    ၈


ပြည်ထောင်စုသမ္မတ      မြန်မာနိုင်ငံနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့     အကြား သံတမန်ဆက်ဆံရေး        ထူထောင်မှု (၇၃)     နှစ်မြောက်     နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ်     မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီချက်များ လက်မှတ် ရေးထိုးသည့်      အခမ်းအနားတစ်ရပ်ကို ယနေ့    မွန်းလွဲပိုင်းတွင်    နေပြည်တော် ရှိ    M-Gallery   ဟိုတယ်၌     ကျင်းပ ပြုလုပ်သည်။

 


အခမ်းအနား၌ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အထိမ်းအမှတ်မိန့်ခွန်း ပြောကြားသည်။
ထို့နောက်  မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး     H.E.  Mr.  Chen  Hai က       အထိမ်းအမှတ်       အမှာစကား ပြောကြားသည်။ 

 


အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး      ဒေါက်တာ    မျိုးသိန်းကျော်၊ ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး     ဒေါက်တာ       သက်ခိုင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး      ဦးမင်းသိန်းဇံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး    ဦးအောင်သော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်   ဆည်မြောင်းဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ      အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ကြသည်။ 

 


ယနေ့ အခမ်းအနား၌ သဘောတူညီ ချက်     လေးခုကို     လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
ပြည်ထောင်စုသမ္မတ     မြန်မာနိုင်ငံ အစိုးရနှင့်      တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့အကြား တရုတ်နိုင်ငံက အကူ အညီပေးသည့်     ကိုဗစ်-၁၉       ရောဂါ ကာကွယ်ဆေးများအတွက်    လွှဲပြောင်း လက်ခံလွှာများကို ကျန်းမာရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့်       မြန်မာနိုင်ငံဆိုင်ရာ  တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai  တို့က လက်မှတ်ရေးထိုးကြသည်။ 

 


အဆိုပါ         သဘောတူညီချက်အရ တရုတ်နိုင်ငံက     မြန်မာနိုင်ငံသားများ အတွက် အမေရိကန်ဒေါ်လာ  ၆ ဒသမ ၉ သန်းတန်ဖိုးရှိ ကာကွယ်ဆေး  ၃ သန်း နှင့် ဆေးထိုးအပ်များ ထောက်ပံ့ပေးအပ် မည်ဖြစ်သည်။

 


အစိုးရနည်းပညာကောလိပ် (မန္တလေး) အတွက်    အွန်လိုင်း      ဝန်ဆောင်မှုနှင့် ဆက်စပ်ပစ္စည်းများ       ထောက်ပံ့သည့် စီမံကိန်းဆိုင်ရာ   သဘောတူညီချက်ကို သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး   ဒေါက်တာ    မျိုးသိန်း ကျော်နှင့်   မြန်မာနိုင်ငံဆိုင်ရာ    တရုတ် သံအမတ်ကြီး H.E. Mr. Chen Hai တို့က လဲလှယ်ခဲ့ကြသည်။
အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံသုံး ငွေကြေး ယွမ် ၇၁၇၂၀၀ တန်ဖိုးရှိသည့်  စီမံကိန်းဖြစ်သည်။

 


အောင်ဆန်း           အားကစားကွင်း ပြန်လည်       တည်ဆောက်ရေးအတွက် ဆန်းစစ်လေ့လာမှု ပြုလုပ်မည့် စီမံကိန်း ဆိုင်ရာ သဘောတူညီချက်ကို အားကစား နှင့်   လူငယ်ရေးရာဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး             ဦးမင်းသိန်းဇံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai   တို့က    လဲလှယ် ကြသည်။ 

 


အဆိုပါ      သဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံအား တရုတ် နိုင်ငံသုံးငွေကြေး ယွမ် ၂၀၀၀၀၀၀  ကို  စီမံကိန်းအတွက် ထောက်ပံ့ပေးအပ်မည် ဖြစ်သည်။

 


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း များအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ  သဘောတူညီချက်ကို     နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်နှင့်    မြန်မာနိုင်ငံဆိုင်ရာ    တရုတ် သံအမတ်ကြီး H.E. Mr. Chen Hai တို့က လက်မှတ်ရေးထိုးကြသည်။

 


အဆိုပါ          သဘောတူညီချက်အရ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သုတေသန၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး၊          သဘာဝ ပတ်ဝန်းကျင်     ထိန်းသိမ်းရေး၊   အရည် အသွေးမြှင့်တင်ရေး၊ သိပ္ပံနှင့် နည်းပညာ၊ ကုန်သွယ်ရေးနှင့်          ခရီးသွားလာရေး နယ်ပယ်များ၌   ဝန်ကြီးဌာန   ခုနစ်ခုက အကောင်အထည်ဖော် ဆောင်ရွက်မည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း စုစုပေါင်း ၁၄ ခု အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းကို   မြန်မာနိုင်ငံထံသို့   လွှဲပြောင်း ပေးအပ်မည်ဖြစ်သည်။ 

 


၂၀၁၇  ခုနှစ်မှစ၍ လက်ရှိအချိန်အထိ  မြန်မာနိုင်ငံအနေဖြင့် လက်ခံရရှိခဲ့သည့်  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း အရေအတွက်မှာ  ၁၀၆ ခုအထိ ရှိလာခဲ့ပြီဖြစ်သည်။

 


 မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက  ထောက်ပံ့ပေးအပ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှတစ်ဆင့်  အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၄ သန်းခန့် တန်ဖိုးရှိ အကူအညီများ လက်ခံရရှိခဲ့ပြီး ဖြစ်သည်။
အခမ်းအနားအပြီးတွင်       ဧည့်သည် တော်ကြီးများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်