
နေပြည်တော် နိုဝင်ဘာ ၂၄
ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများတွင် ပါဝင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနနှင့် သက်ဆိုင်သည့်ကဏ္ဍများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ၀န်ကြီး ဌာန၌ ကျင်းပသည်။
ညှိနှိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ အစည်းအဝေးများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိရာ ညီလာခံ(၄)ကြိမ် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ပြီးစီးခဲ့သော ညီလာခံ များတွင် ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်းများကို ချုပ်ဆို ခဲ့ရာ မူဝါဒသဘောတူညီချက်များ ရရှိ ခဲ့ကြောင်း၊ ဒုတိယအကြိမ်ညီလာခံတွင် (၃၇)ချက်၊ တတိယအကြိမ် ညီလာ ခံတွင် (၁၄)ချက်နှင့် စတုတ္ထအကြိမ် ညီလာခံတွင် အချက် (၂၀) စုစုပေါင်း သဘောတူညီချက် (၇၁)ချက် ရရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါ သဘောတူညီ ချက်များတွင် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အချက်များကို ၀န်ထမ်းများအားလုံးက ကျယ်ကျယ် ပြန့်ပြန့်သိရှိရန် လိုအပ်သကဲ့သို့ နယ်စပ်ဒေသတိုင်းရင်းသားများ အပါ အ၀င် ပြည်သူများအားလုံးက သိရှိ ထားရန်လည်း လိုအပ်ကြောင်း။
မိမိတို့နှင့် သက်ဆိုင်သည့် နိုင်ငံ ရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍများတွင် ပါ၀င်သည့် အချို့သော အခြေခံမူ အချက်အလက်များသည် မိမိတို့ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်း များတွင် အကျုံး၀င်ပြီး တိုင်းရင်းသား များအပါအ၀င် ပြည်သူတစ်ဦးချင်း၏ အခွင့်အရေးများကို ဖော်ဆောင်ရာ တွင် သာတူညီမျှခံစားရရှိရေး ပိုမို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ဆဲ ဖြစ်ကြောင်း၊ ထပ်မံလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်း ထိရောက် စွာ အကောင်အထည်ဖော် ဆောင်ရွက် ရန် တာ၀န်ရှိပါကြောင်း၊ သို့မှသာ နိုင်ငံတော်က ဦးတည်ဆောင်ရွက် လျက်ရှိသော တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲမည့် လုံခြုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ ထိရောက် အောင်မြင်အောင် အထောက်အကူပြုနိုင်မည် ဖြစ် ကြောင်း၊ မိမိတို့အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များဖြစ်သော်လည်း ယခုအချိန်တွင် ကိုဗစ်- ၁၉ ကပ်ရောဂါ၏ စိန်ခေါ်မှုကို ရင်ဆိုင်ရဆဲဖြစ်ရာ လုပ်ငန်းများ နှောင့်နှေးမှုမရှိစေဘဲ လုပ်ငန်းစဉ် အကောင်အထည် ဖော်မှုတိုင်းတွင် ကိုဗစ်- ၁၉ ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များကို ထည့်သွင်း လျက် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များက ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်းများပါ သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်စပ် ၀န်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါ၀င်ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများ၊ တိုင်းရင်းသားပြည်သူ များနှင့် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စ များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်