ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄ )မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၂၁

ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပ သည်။

 

အခမ်းအနား၌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပထမ အကြိမ် “တရားဥပဒေစိုးမိုးရေး ဆီသို့” မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၉) ကို UNDP ၏ ပံ့ပိုးကူညီမှုဖြင့် ရေးဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်၍ ရည်မှန်းချက်ပန်းတိုင် ၄ ရပ်ဖြင့် အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ယင်းစီမံကိန်းပြီးဆုံး ပြီဖြစ်၍ ဒုတိယအကြိမ် “တရားမျှတ ရေးအတွက် ဥပဒေဝန်ဆောင်မှု” မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ကို USAID (PRLM-Promoting Rule of Law in Myanmar) ၏ ပံ့ပိုးကူညီ မှုဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပထမ ငါးနှစ် မဟာဗျူဟာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင် မှုများအပေါ် လေ့လာသုံးသပ်ခြင်း နှင့် သုတေသနပြုလုပ်ခြင်းများမှ ရရှိ လာသော အားနည်းချက်၊ အားသာ ချက်၊ အကြံပြုချက်များနှင့် အတွေ့ အကြုံများကို အခြေခံ၍ ယခု ဒုတိယ ငါးနှစ် စီမံကိန်းအား ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းမဟာဗျူဟာစီမံ ကိန်းတွင် ပန်းတိုင် ၅ ရပ်၊ မဟာ ဗျူဟာ ရည်မှန်းချက် ၁၅ ရပ်နှင့် မဟာဗျူဟာ အစီအစဉ် ၄၀ တို့ကို ထည့်သွင်းရေးဆွဲထားပါကြောင်း။

စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ် တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်ရုံးများ၊ လွှတ်တော်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများ၊ ဥပဒေပညာဌာနမှ ပါမောက္ခများနှင့် တရားမျှတမှုကဏ္ဍ တွင် ပါဝင်ဆောင်ရွက်လျက် ရှိကြ သည့် အခြားဆက်စပ်အဖွဲ့အစည်း များကို ဖိတ်ခေါ်ပြီး ဆွေးနွေးညှိနှိုင်း ပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲများမှ ရရှိလာ သော အကြံပြုချက်၊ ဖြည့်စွက်ချက် များကို ထည့်သွင်းစဉ်းစား ရေးဆွဲခဲ့ ပါကြောင်း၊ မဟာဗျူဟာစီမံကိန်း ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်အတွက်သာမက အများပြည်သူကို ကောင်းမွန်သည့် ဥပဒေဝန်ဆောင်မှုများ ပေးနိုင်ရန်၊ တရားမျှတမှုကို အားလုံးလက်လှမ်းမီ စေနိုင်ရန်နှင့် ဥပဒေရုံးအဆင့်ဆင့်၏လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အများက ယုံကြည်အားထားလာစေ ရန် ရည်မှန်းရေးဆွဲထားခြင်း ဖြစ်ပါ ကြောင်း၊ စီမံကိန်းအောင်မြင်စေ ရန်အတွက် သက်ဆိုင်ရာ ဌာနအဖွဲ့ အစည်းများ၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ကဏ္ဍအသီး သီးမှ သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ မဟာဗျူဟာစီမံကိန်း ရေးဆွဲ ရာတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ ကြသူများနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆက်လက်ကူညီဆောင်ရွက်ပေးမည့်သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။

အခမ်းအနားသို့ ဒုတိယရှေ့နေ ချုပ်၊ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားလွှတ်တော် ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်း ရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် အခြားဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်