ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  ဇွန်  ၂၈


ပြည်ထောင်စုရှေ့နေချုပ်ရုံး၏  ရုံးအုပ်နှင့်  ဌာနခွဲ စာရေးများ   လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။


အခမ်းအနားတွင်    ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုဖွင့်လှစ်သော  သင်တန်း သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ  ဦးစီးဌာနအသီးသီး တွင်   တာဝန်ထမ်းဆောင်လျက်ရှိသော ရုံးအုပ်နှင့် ဌာနခွဲစာရေးများအား မိမိတို့ဌာန၏ ရုံးလုပ်ငန်းနှင့် ငွေစာရင်းဘတ်ဂျက်ကိစ္စရပ်များကို    တာဝန်ယူ ဆောင်ရွက်ရာတွင် မှန်ကန်တိကျမှုရှိစေရန်၊ လျင်မြန် ထိရောက်စွာ   ဆောင်ရွက်နိုင်စေရန်၊   ဌာနတွင်း ထိန်းသိမ်းထားရှိရမည့် စာရွက်စာတမ်းများ၊ အမှုတွဲ များကိုစနစ်တကျ      စီစဉ်ဆောင်ရွက်နိုင်စေရန်၊   ဝန်ထမ်းစည်းမျဉ်း  စည်းကမ်းများကို  ကောင်းစွာ သိရှိနားလည်စေရန်၊ မိမိအထက် အရာထမ်းများကို အထောက်အကူပြုကူညီပံ့ပိုးနိုင်စေရန်နှင့်    မိမိ ကြီးကြပ်ကွပ်ကဲရသော အမှုထမ်းများကို ရှေ့ဆောင် လမ်းပြနိုင်စေရန်အတွက်  ရုံးအုပ်နှင့် ဌာနခွဲစာရေး များ   လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၂/၂၀၂၁) ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။  
ပို့ချပေးမည်


ယခုသင်တန်းတွင်     နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားချက် များ၊  အဂတိလိုက်စားမှု  တားဆီးကာကွယ်ရေး ဆိုင်ရာကိစ္စများ၊ တင်ဒါ‌လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ E-Government ၊    MLIS ၊  စာကြည့်တိုက်ပညာရပ် များအပြင် ရုံးသုံးအင်္ဂလိပ်စာ အခေါ်အဝေါ်များနှင့် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေတို့ကို ပို့ချပေးမည် ဖြစ်ကြောင်း ပြောကြားသည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊  ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းဆရာ   ဆရာမများ၊     သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။  သင်တန်း ကာလမှာ ရက်သတ္တ  နှစ်ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။                      

သတင်းစဉ်