ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး  မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင် ကို လက်ခံတွေ့ဆုံ နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ ဆွေးနွေး

 

 

နေပြည်တော်   ဧပြီ   ၁၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး   မစ္စတာ ချန်းဟိုင် ကို   ယနေ့  မွန်းလွဲ ၁ နာရီတွင်   နေပြည်တော်ရှိ   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ်     မြန်မာနိုင်ငံ ဆိုင်ရာ  တရုတ်သံအမတ်ကြီးက ပြည်ထောင်စု     ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်    နိုင်ငံတော် စီမံအုပ်ချုပ်ရေး      ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ဆောင်ရွက်နေမှု၊     ဆက်လက် ဆောင်ရွက်မည့် အခြေအနေနှင့် နိုင်ငံရေးပါတီများနှင့် စပ်လျဉ်း၍ စစ်ဆေး   ဆောင်ရွက်နေမှုတို့ကို မေးမြန်းသည်။
ယင်းနောက်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်   ဥက္ကဋ္ဌ က  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်       လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ ရွေးကောက်ပွဲကျင်းပနိုင် ရေးအတွက် ဥပဒေ၊ နည်းဥပဒေ များ      ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်စာရင်း များ   ပြုစုခြင်းများ  ဆောင်ရွက် လျက်ရှိသည့်     အခြေအနေ၊ နိုင်ငံရေးပါတီများအား  စစ်ဆေး ဆောင်ရွက်နေမှုနှင့်     တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာ ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို   ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် များနှင့်  ကော်မရှင်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။     
 သတင်းစဉ်