
နေပြည်တော် ဧပြီ ၂၅
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H. E. Mr. Vinay Kumar အား ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
အကူအညီများပေးခဲ့
တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ယခင်ကတည်းက ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံအပေါ် အကူအညီ များပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီစနစ် ဖော်ဆောင် ရာတွင် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစနစ်၊ ဥပဒေများကို လေ့လာ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ပြောကြားသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်
ယင်းနောက် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး က မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့သည် ရင်းနှီးချစ်ကြည်စွာဖြင့် မိတ်ဆွေကောင်း အိမ်နီးချင်း နိုင်ငံများဖြစ်ကြောင်း၊ ဘာသာ၊ ယဉ်ကျေးမှုနှင့် ဒီမိုကရေစီနစ်ကို ဖော်ဆောင်ရာတွင်လည်း တူညီ သော သမိုင်းကြောင်းများရှိခဲ့ ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက် မှု၊ အကူအညီပေးမှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေးနှင့် အကူအညီပေးနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိလို သည်များကို မေးမြန်းသည်။
မေးမြန်းမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ ပြုစုဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများကို စစ်ဆေး ဆောင်ရွက်နေမှု၊ PR စနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း ၍ အကူအညီပေးနိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင် မည့် အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်