နေပြည်တော် မတ် ၁၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက် ပွဲသို့လေ့လာရန် မော်စကိုမြို့၌ ရောက်ရှိ နေသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၃ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ရေးဗဟိုဌာန၌ ကျင်းပ ပြုလုပ်သည့် ရှင်းလင်းပွဲသို့ တက်ရောက် သည်။
မွန်းလွဲပိုင်းတွင်        ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ   ဦးကိုကို   ဦးဆောင်သည့်   မြန်မာကိုယ်စားလှယ် အဖွဲ့သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ          Ms. Ella Pamfilova      နှင့်   တွေ့ဆုံ၍  ရွေးကောက်ပွဲဆိုင်ရာ   ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ    အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ရွေးကောက် ပွဲကော်မရှင်တို့အကြား ချစ်ကြည်ရင်းနှီးစွာ ချုပ်ဆိုခဲ့သည့်     သဘောတူစာချုပ်အရ ဆက်လက်     ပူးပေါင်းဆောင်ရွက်ရန်     လိုအပ်သောလုပ်ငန်းများကို   ဆွေးနွေးကြ ပြီး     အမှတ်တရလက်ဆောင်ပစ္စည်းများ   အပြန်အလှန်ပေးအပ်သည်။ 
တွေ့ဆုံပွဲသို့    မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်အတူ   ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်သံအမတ်ကြီး        ဦးသစ်လင်းအုန်း လည်း တက်ရောက်ခဲ့ကြောင်း      သတင်း ရရှိသည်။                          
 
သတင်းစဉ် 
 
      


