ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံ

နေပြည်တော်   ဖေဖော်ဝါရီ   ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်  မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊  ကော်မရှင်အဖွဲ့ဝင်များ၊  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ  တာဝန်ရှိသူများ၊   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ  တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ  ၄၃ ပါတီမှဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက လာမည့်ရွေးကောက်ပွဲကို  အောင်မြင်စွာ ကျင်းပနိုင်ရေး နိုင်ငံရေးပါတီများနှင့်အတူ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊      ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ  မှတ်ပုံတင်ခြင်းဥပဒေ နှင့်အညီ  ကော်မရှင်အနေဖြင့်     နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ ကို  ပြင်ဆင်လျက်ရှိပြီး ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊     နိုင်ငံရေး ပါတီများအနေဖြင့် ပြင်ဆင်ခဲ့သည့် နိုင်ငံရေး ပါတီများ    မှတ်ပုံတင်ခြင်းဥပဒေပြဋ္ဌာန်း ချက်နှင့်အညီ ပါတီဝင်အင်အားပြည့်မီရေး နှင့် သတ်မှတ်ပါတီရုံးခန်းများ  ပြည့်မီရေး ကို ဆောလျင်စွာ  ပြည့်မီအောင်ဆောင်ရွက် စေလိုကြောင်း၊ ပါတီရုံးခန်းများ  ဖွင့်လှစ် ရာတွင်  လိုအပ်ချက်များရှိပါက ကော်မရှင် အနေဖြင့်    သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊      နိုင်ငံရေးပါတီများ၏ ဘဏ္ဍာငွေစုဆောင်းထိန်းသိမ်း၊ သုံးစွဲခြင်း ကိုလည်း စနစ်တကျဖြစ်စေရေး ဆောင်ရွက် ထားကြရန်လိုကြောင်း၊  ပါတီရန်ပုံငွေသုံးစွဲ ခြင်းနှင့်စပ်လျဉ်း၍  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ   ပုဒ်မ ၁၇ (ခ) တွင် ပါတီရန်ပုံငွေကို  ကော်မရှင်က ထုတ်ပြန် သည့် အမိန့်  သို့မဟုတ် ညွှန်ကြားချက်နှင့် အညီ     သုံးစွဲရန်ထည့်သွင်းပြဋ္ဌာန်းထား ကြောင်း၊       ယင်းပြဋ္ဌာန်းချက်အတိုင်း ကော်မရှင်ကလိုအပ်သည့်  ညွှန်ကြားချက် များကို အမြန်ဆုံးထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး ပါတီများကလည်း  ညွှန်ကြားချက် များနှင့်အညီ သုံးစွဲကြရန်လိုကြောင်း။
ရွေးကောက်ပွဲ        ကျင်းပရာတွင် ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင် ပြည်သူများ   ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်မည်ဖြစ်ကြောင်း၊    ကော်မရှင် အနေဖြင့်  နိုင်ငံရေးပါတီများကို ပြဋ္ဌာန်း ထားသည့်      ဥပဒေ၊   နည်းဥပဒေများနှင့် အညီဆောင်ရွက်ရေး ကြီးကြပ်ပေးရမည် ဖြစ်သကဲ့သို့  နိုင်ငံရေးပါတီများ၏ လိုအပ် ချက်များကိုလည်း  ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး   ဆန္ဒမဲပေးနိုင်ရေး အတွက်  မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန် ရေးကို  သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း     ဆောင်ရွက်ရမည်ဖြစ် သကဲ့သို့  မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်း များကိုလည်း  သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်   ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊    ပါတီများအနေဖြင့်   ခိုင်မာ အားကောင်းသော   ပါတီများဖြစ်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများက   မိမိတို့ပါတီနှင့် မိမိတို့ပါတီကိုယ်စားပြု         လွှတ်တော် ကိုယ်စားလှယ်လောင်းများကို မဲပေးရေး အတွက် မှန်ကန်သော မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရန်လိုအပ်ပြီး  မဲဆန္ဒရှင်များ၏ မှန်ကန်သော    မဲပေးရွေးချယ်မှုရရှိစေရန် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများရွေးချယ်ရာ၌ အမှန်တကယ် အရည်အချင်းရှိသူများကို  ရွေးချယ်ကြရ မည်ဖြစ်ကြောင်း၊  ရွေးကောက်ပွဲကိုလည်း လွတ်လပ်တရားမျှတစွာ  ကျင်းပနိုင်ရေး ပြဋ္ဌာန်းထားသည့်  ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကော်မရှင် က     ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက်          အခမ်းအနားသို့ တက်ရောက်လာသည့်  နိုင်ငံရေးပါတီများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ    တာဝန်ရှိပုဂ္ဂိုလ်များက ဆွေးနွေးတင်ပြကြရာ   တင်ပြချက်များ အပေါ်          ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက       ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး        နိဂုံးချုပ်အမှာစကား ပြောကြား၍   အခမ်းအနားကို    ရုပ်သိမ်း လိုက်ကြောင်း သိရသည်။       သတင်းစဉ်