ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံ‌ရေးပါတီများမှ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပါတီတာဝန်ခံများ တွေ့ဆုံ

 

မကွေး  နိုဝင်ဘာ    ၉


ပြည်ထောင်စုရွေးကောက်ပွဲ   ကော်မရှင် နှင့် မကွေးတိုင်းဒေသကြီး နယ်မြေအတွင်း ရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ မှ  တိုင်းဒေသကြီးအဆင့်၊   ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပါတီတာဝန်ခံများ တွေ့ဆုံ ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ မကွေးတိုင်းဒေသကြီး       ဝန်ကြီးချုပ် ဦးတင့်လွင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ လုံခြုံ ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့် မကွေးမြို့နယ်အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာန  အုပ်ချုပ်‌ရေးမှူး များ၊ လူဝင်မှုကြီးကြပ်‌ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာနမှဦးစီးမှူးများ၊ တိုင်း ဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ အတွင်းရေးမှူး များ၊ ဝန်ထမ်းများ၊  ပြည်ထောင်စုကြံ့ခိုင်‌ ရေးနှင့်   ဖွံ့ဖြိုးရေးပါတီ၊   တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊    ပြည်သူ့ ရှေ့ဆောင်ပါတီ၊   မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ၊ ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊     အမျိုးသားနိုင်ငံ‌ရေး ဒီမိုကရက်တစ်ပါတီတို့မှ    တိုင်းဒေသကြီး အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပါတီ တာဝန်ခံများ တက်ရောက်ကြသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ရက်‌ပေါင်း ၆၀ အတွင်း ယခင်နိုင်ငံ‌ရေးပါတီ ၅၀ က မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခဲ့ပြီး ပါတီအသစ်   ၁၄   ပါတီ   လျှောက်ထား လာခဲ့ရာ   စုစုပေါင်းပါတီမှတ်ပုံတင်ခွင့် လျှောက်ထားလာသည့် ပါတီ ၆၄ ပါတီ အနက် ၃၉ ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း၊ မှတ်ပုံ တင်ခွင့်ပြုပြီး နိုင်ငံ‌ရေးပါတီများအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး   စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်အင်အား အနည်း ဆုံး ၁၀၀၀၀၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို မှတ်ပုံတင်ခွင့်ပြုချက်   ရရှိပြီး သည့်နေ့မှစ၍ ရက်ပေါင်း   ၉၀  အတွင်း စုဆောင်းရမည်ဟု   ဥပဒေတွင်   ပြဋ္ဌာန်း ထားပြီးဖြစ်ပါကြောင်း။


အားကောင်းသော
ပါတီများဖြစ်ရန် လိုအပ်


ထို့အတူ မှတ်ပုံတင်ခွင့်ရသည့်နေ့မှ စ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံး သတ်မှတ်ထားသည့် ရုံးခန်း အရေအတွက်ကို    ဖွင့်လှစ်ရမည်     ဖြစ်ပါ ကြောင်း၊ နိုင်ငံ‌ရေးပါတီထူထောင်ရာတွင် ပြည်ထောင်စုတစ်ဝန်းလုံး    စည်းရုံးမည့် ပါတီဖြစ်ပါက   ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀၀၊ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ် တစ်ခုအတွင်း  စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း   ၁၀၀    ထားရှိ ရမည်ဖြစ်ကြောင်း၊  နိုင်ငံ‌ရေးပါတီများ ထူထောင်ရာတွင်  စနစ်တကျဖြစ်စေရန် ကော်မရှင်မှ  ဝိုင်းဝန်းကူညီဆောင်ရွက် လျက်ရှိကြောင်း၊      နိုင်ငံရေးပါတီများ အနေဖြင့် ပါတီစုံဒီမိုကရေစီ   အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေး ခံရန် နိုင်ငံ‌၏အုပ်ချုပ်‌ရေးနှင့် ဥပဒေပြု‌ရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့် သူများဖြစ်လာမည်ဖြစ်၍ ဥပဒေနှင့်အညီ ညီညွတ်သည့်   ခိုင်မာအားကောင်းသော ပါတီများဖြစ်ရန်    လိုအပ်ပါကြောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲ    ကော်မရှင် အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက်   ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊      လာမည့်‌ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန်ဖြစ်စေရေး၊   မဲမသမာမှု များမဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ အနေဖြင့် မဲပေးရာတွင် လွယ်ကူရိုးရှင်းစွာ မဲပေးနိုင်ရန်နှင့်   ပြောင်းလဲကျင့်သုံးမည့် PR   စနစ်နှင့်   လိုက်လျောညီထွေဖြစ်စေ ရန် မြန်မာအီလက်ထရောနစ်    မဲပေးစက် (MEVM) ကို မြန်မာနိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် ထီထွင်ပြုလုပ်ခဲ့ပြီး ယခု အခါ   ဝန်ကြီးဌာနများမှ    ဝန်ထမ်းများ၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ် များမှ ပြည်သူများက လက်တွေ့ စမ်းသပ် မဲပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး    ပြည်ထောင်စု‌ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံ ရေးပါတီများထူထောင်ရာတွင် ပါတီဝင် အင်အား၊  ပါတီရုံးခန်းများ   ဖွင့်လှစ်ခြင်း၊ ရန်ပုံငွေထိန်းသိမ်းခြင်း စသည့်လုပ်ငန်း စဉ်များနှင့်     အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို  ဥပ‌ဒေနှင့်အညီ မှန်မှန် ကန်ကန်  တစ်ပြေးညီ   ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။


ဥပဒေနှင့်အညီ မှန်ကန်စေရေး


ထို့နောက် တက်‌ရောက်လာကြသည့် နိုင်ငံ‌ရေးပါတီများမှ တိုင်းဒေသကြီး ပါတီ တာဝန်ခံများက ပါတီဝင်အင်အားစာရင်း များ   ဥပဒေနှင့်အညီ    မှန်ကန်စေရေး အတွက်     စစ်‌ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် တွေ့ကြုံရသည့်   အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက    တင်ပြချက်များ အပေါ်  အသေးစိတ်ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး   နိဂုံးချုပ်အမှာစကားပြော ကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်