ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

 

ရန်ကုန်    စက်တင်ဘာ    ၅ 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံ၍    မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး     ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနား ကို   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  မင်္ဂလာ ခန်းမ၌   ယနေ့နံနက်   ၉   နာရီခွဲက   ကျင်းပရာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်          ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးမှတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။ 


အခမ်းအနားတွင် ပြည်ထောင်စု‌ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ     ဦးသိန်းစိုးက     ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခင်နိုင်ငံရေး ပါတီများနှင့်      လေးကြိမ်      တွေ့ဆုံဆွေးနွေးပြီး  နောင်ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံနှင့် သင့်လျော်ပြီး ရိုးရှင်းလွယ်ကူသည့် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Closed List– PR)  ကို   ပြောင်းလဲကျင့်သုံးရန်  သဘောတူညီခဲ့ကြ ကြောင်း၊ အချိုးကျကိုယ်စားပြုစနစ်နှင့် ကိုက်ညီမည့် သက်ဆိုင်ရာ    လွှတ်တော်ရွေးကောက်ပွဲ    ဥပဒေ၊ နည်းဥပဒေများကို    ပြင်ဆင်ပြဋ္ဌာန်း   ထုတ်ပြန်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံရေးပါတီများသည် နိုင်ငံတော်တာဝန်များကို  ဦးဆောင်ပြီး     ဆောင်ရွက်ရမည်ဖြစ်ရာ      ခိုင်မာ အားကောင်းသော အဖွဲ့အစည်းများဖြစ်ရန် နိုင်ငံရေး ပါတီများ   မှတ်ပုံတင်ခြင်းဥပဒေ၊  နည်းဥပဒေများကို  အသစ်ပြဋ္ဌာန်း ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း။


ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည့်       နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း    ဥပဒေ၊    နည်းဥပဒေများနှင့်အညီ  နိုင်ငံရေးပါတီအဖြစ်     ပြန်လည်      မှတ်ပုံတင်ခွင့် လျှောက်ထားသည့်    ပါတီ  ၅၀  နှင့်   ပါတီအသစ်  တည်ထောင်ခွင့်လျှောက်ထားသည့်ပါတီ ၁၄ ပါတီ  စုစုပေါင်း   ၆၄   ပါတီရှိကြောင်း၊    ဥပဒေနှင့်အညီ  ပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းမရှိသည့်  နိုင်ငံရေးပါတီ ၄၀ မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ်မှ အလို အလျောက် ပျက်ပြယ်ပြီးဖြစ်ကြောင်း။


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်နှင့်     အသစ်တည်ထောင်  မှတ်ပုံတင်ခွင့်တင်ပြလာသည့်   နိုင်ငံရေးပါတီ   ၆၄ ပါတီကို   ဥပဒေနှင့်အညီစိစစ်၍   မှတ်ပုံတင်ခွင့်ပြု လျက်ရှိကြောင်း၊ နိုင်ငံရေးပါတီအသစ် တည်ထောင် လိုသူများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း  ဥပဒေပုဒ်မ ၃ အရ လျှောက်ထားနိုင်ပါကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲ        ကော်မရှင်က မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများ၌ နိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ်များကို ပါဝင်ဆောင် ရွက်ခွင့်ပြုသွားမည်ဖြစ်သည့်အတွက်       မဲဆန္ဒရှင် စာရင်းများ    ပြည့်စုံမှန်ကန်ရေးနှင့်   ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်ကြစေလိုကြောင်း။


မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် ပြည့်စုံမှန်ကန် ရေးနှင့် လျင်မြန်လွယ်ကူစေရေးအတွက် မဲဆန္ဒရှင် စာရင်းများ   စီမံခန့်ခွဲမှုစနစ်ကို  ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း၊ မဲပေးရာတွင် မဲမသမာမှုများ မဖြစ်  စေရန်နှင့်    မဲပေးရာတွင်      မြန်ဆန်လွယ်ကူခြင်း၊  အချိန်တိုအတွင်း တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ပယ်မဲမရှိခြင်း၊ မဲလက်မှတ် များ ရိုက်နှိပ်ရသည့် ကုန်ကျစရိတ်များ လျော့နည်း စေခြင်းတို့အတွက်ရည်ရွယ်ပြီး အီလက်ထရောနစ် မဲပေးစက် အသုံးပြုရေးကို ဆောင်ရွက်ခဲ့ကြောင်း။


မြန်မာအီလက်ထရောနစ်မဲပေးစက်    အသုံးပြု မဲပေးခြင်းဖြင့်    မဲဆန္ဒရှင်ပြည်သူများအတွက်    ပိုမို  ရှင်းလင်းလွယ်ကူပြီး   မဲရလဒ်များကိုလည်း   တိကျ မှန်ကန်စွာဖြင့်    မြန်ဆန်စွာ   ရေတွက်နိုင်မည်ဖြစ် ကြောင်း၊ စက်အသုံးပြုမဲပေးသည့်အတွက် မဲလက်မှတ် များ ရိုက်နှိပ်ဖြန့်ဝေ ဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့ သည့် မဲမသမာမှုများ မဖြစ်ပေါ်နိုင်ခြင်း၊ ပယ်မဲများ ကြောင့် မဲဆန္ဒရှင်များ၏မဲများ အဟောသိကံဖြစ်မှု  မရှိတော့ခြင်း၊ မဲလက်မှတ်ရိုက်နှိပ်မှုနှင့် မဲရုံသုံးပစ္စည်း ဝယ်ယူကုန်ကျမည့် စရိတ်များကို လျှော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း။


နိုင်ငံရေးပါတီများသည် ပြည်သူကို ကိုယ်စားပြု ပြီး မိမိဒေသအကျိုး၊ မိမိတိုင်းရင်းသားများအကျိုး နှင့်  နိုင်ငံတော်အကျိုးအတွက် ဦးဆောင်ဦးရွက်ပြုရမည့် အရေးပါသည့်    အဖွဲ့အစည်းများ    ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုရမည့် နိုင်ငံရေးပါတီ များ၏ ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေနှင့် ပါတီရုံး များသည်     သတ်မှတ်ချက်များနှင့်အညီ       ခိုင်မာ တောင့်တင်းရန်လိုကြောင်း၊ အချိုးကျ ကိုယ်စားပြု စနစ်ဖြင့် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင်  နိုင်ငံရေးပါတီများသည် မိမိတို့၏ စည်းရုံးဆောင်ရွက် နိုင်မှုအပေါ်မူတည်ပြီး ရရှိမည့်ဆန္ဒမဲအပေါ်မူတည်၍  ကိုယ်စားလှယ်များ   အချိုးကျ    ရရှိမည်ဖြစ်သဖြင့် တိုင်းရင်းသားပါတီများအနေဖြင့်လည်း မိမိနယ်မြေ ဒေသအလိုက်  ဥပဒေပြုရေးနှင့်  အုပ်ချုပ်ရေးကဏ္ဍ များ၌ မိမိတို့လူမျိုးစုများနှင့် ပြည်သူ့အကျိုးပါဝင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊   ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ   စစ်မှန်ပြီး   စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်ရာတွင်  ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် မှန်ကန်ခိုင်မာစွာ  ရပ်တည်ဆောင်ရွက်နိုင်သည့်     နိုင်ငံရေးပါတီများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း  ပြောကြားသည်။
ယင်းနောက်       ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီ လွင် က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)  နှင့်စပ်လျဉ်း၍    Power   Point  ဖြင့်   အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာသော  နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့ဆန္ဒမဲပေးခဲ့ကြသည်။


အဆိုပါ     အခမ်းအနားသို့       ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီး  အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆင့် ဆင့်တို့မှ အရာထမ်း ၆၆ ဦး၊ နိုင်ငံရေးပါတီ ၃၅ ပါတီမှ ကိုယ်စားလှယ် ၁၂၄ ဦး၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းမီဒီယာ ၆၆ ဦး စုစုပေါင်းအင်အား ၂၅၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်