ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီ စစ်ဆေး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၇


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်  ဥပဒေပုဒ်မ ၁၀ ( ဌ )တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို    မှတ်ပုံ တင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏  ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်   ပစ္စည်းများ စုဆောင်းခြင်း၊   ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊   စစ်ဆေးခြင်းနှင့်  စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို   စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်ဦးနှင့် ဒေါ်နုမြဇံတို့  ဦးဆောင်ပြီး စာရင်း စစ်ချုပ်ရုံး၊  ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေး အဖွဲ့သည် ရန်ကုန်မြို့အခြေစိုက်ဖြစ်သော ကရင်ပြည်သူ့ပါတီ၊ အမျိုး သား ဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် ပြည်သူ့ပါတီတို့ကို  ၂၀၂၂  ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ ၁၁ ရက်အထိ        စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။            
   

သတင်းစဉ်