
နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဌ) တွင် ပြဋ္ဌာန်းထားသော “ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီ ဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေး ခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားမှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဩဂုတ်၂၃ ရက်မှ ၃၀ ရက်အထိ ပြည်ထောင်စုနယ်မြေ အခြေစိုက် အမျိုးသား ညီညွတ်သောဒီမိုကရက်တစ်ပါတီ (အန်၊ ယူ၊ ဒီ) [National United Democratic Party (N.U.D)] နှင့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီ [Democratic Party of National Politics (DNP)] တို့ကိုလည်းကောင်း။
စစ်ဆေးဆောင်ရွက်
စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ မန္တလေး တိုင်းဒေသကြီး အခြေစိုက် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ဝံသာနု ဒီမိုကရက်တစ်ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) နှင့် ပြည်ထောင်စု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီ၊ ရန်ကုန်တိုင်း ဒေသကြီး အခြေစိုက် အမျိုးသားနိုင်ငံရေးမဟာမိတ် များ အဖွဲ့ချုပ်ပါတီတို့ကိုလည်းကောင်း၊ စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) ကိုလည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ ရှမ်းပြည်နယ် အခြေစိုက် ဓနု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (Danu National Democracy Party) ကိုလည်းကောင်း၊ စက်တင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ရှမ်းပြည်နယ် အခြေစိုက် အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ (Inn National League Party) နှင့် ဓနုအမျိုးသားများ အဖွဲ့ချုပ် ပါတီတို့ကို လည်းကောင်း၊ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက် ရှမ်းနီ (တိုင်းလျန်) သွေးစည်း ညီညွတ်ရေး ပါတီ [Shan-ni Solidarity Party (SSP)] နှင့် နာဂအမျိုးသားပါတီ [Naga National Party (NNP)] ၊ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ (National Development and Peace Party) တို့ကို လည်းကောင်း၊ စက်တင်ဘာ ၂၁ ရက် မှ ၂၄ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် အမျိုးသား တိုးတက်ရေးပါတီကိုလည်းကောင်း စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ဖြင့် ဖွဲ့စည်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်