ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ဝန်ကြီးဌာနများအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

 

နေပြည်တော်  ဩဂုတ်  ၁၅


မြန်မာအီလက်ထရောနစ်    မဲပေး စက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသ ခြင်းနှင့်        လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို     ယနေ့ နံနက်ပိုင်းတွင်     ပြည်ထောင်စု ရာထူးဝန်အဖွဲ့     အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပြီး  ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော် နှင့် အဖွဲ့ဝင်များ၊     အရာထမ်း၊ အမှုထမ်းများ    တက်ရောက်ကြ သည်။


မွန်းလွဲပိုင်းတွင်   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန      မဏိရတနာ ကျောက်စိမ်းခန်းမ၌    ဆက်လက် ကျင်းပရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊   ဒုတိယဝန်ကြီး များ၊    အရာထမ်း၊   အမှုထမ်းများ တက်ရောက်၍ လက်တွေ့မဲပေး ခြင်းများ ဆောင်ရွက်ကြသည်။


ဦးစွာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်       ဦးအောင် လွင်ဦးနှင့်   ဦးကိုကိုလွင်၊     ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးမှ  တာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေး၍ စမ်းသပ်မဲပေးခြင်းများ ကို ဆောင်ရွက်ခဲ့ကြပြီး သရုပ်ပြပွဲ သို့  ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အရာထမ်း၊  အမှုထမ်း   ၂၁၅  ဦး၊ သယံဇာတနှင့်   သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အရာထမ်း၊  အမှုထမ်း  ၂၆၄  ဦး တက်ရောက်ကြသည်။


Myanmar      Electronic Voting Machine  (MEVM)  စက် သည်  ထိန်းချုပ်စက်  (Control Unit) ၊ ဆန္ဒပြုစက် (Ballot Unit)၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ/မရှိ ပြသ သောစက်  (Verification Unit) ၊ မဲပုံးနှင့်   ဘက်ထရီများ   ဖွဲ့စည်း တည်ဆောက်ထားရှိပြီး မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူရေတွက်ခြင်း၊      မဲပေးစက်ကို   ထုပ်ပိုးသိမ်းဆည်း ခြင်းနှင့်  မဲပေးစက်၏  လုံခြုံစိတ်ချ ရမှုအပိုင်းနှင့် စပ်လျဉ်း၍ ၎င်းမဲပေး စက်သည် အင်တာနက်၊  ဝိုင်ဖိုင်၊ Bluetooth စနစ်များ  ပါဝင်မှုမရှိ ခြင်း၊ ကွန်ပျူတာများကဲ့သို့ ဝင်းဒိုး စနစ်များ  ပါဝင်မှုမရှိခြင်း၊   USB Output  စနစ်များ  ပါဝင်မှုမရှိခြင်း တို့ကြောင့် အလွန်ရိုးရှင်းပြီး  လုံခြုံ စိတ်ချရသောစနစ်ဖြစ်သည်။


ယင်းမဲပေးစက်ကို    အသုံးပြု မဲပေးခြင်းဖြင့်      မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများအတွက် ပိုမို ရှင်းလင်းလွယ်ကူပြီး  မဲရလဒ်များ ကိုလည်း    တိကျမှန်ကန်စွာဖြင့် ရေတွက်နိုင်မည်ဖြစ်သည်။   စက် ဖြင့် မဲပေးခြင်းဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေ ဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့ရသော   မဲမသမာမှုများ မဖြစ်ပေါ်နိုင်သည့်အပြင်    ပယ်မဲ များ       မရှိတော့သည့်အတွက် မဲဆန္ဒရှင်များ၏မဲများ    ပယ်မဲ ကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်း များလည်း    မရှိနိုင်တော့သည့် အကျိုးကျေးဇူးများ    ရရှိနိုင်မည်ဖြစ် ကြောင်းသိရသည်။   


 သတင်းစဉ်