ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအား  ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီ စစ်ဆေး

 

 

နေပြည်တော်  မေ  ၃၁
ပြည်ထောင်စု      ရွေးကောက်ပွဲ ကော်မရှင်သည်    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  ဥပဒေ ပုဒ်မ  ၁၀ ( ဌ ) တွင်   ပြဋ္ဌာန်းထား သော  “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို      မှတ်ပုံတင်ခြင်း၊  ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း”   တာဝန်နှင့်အညီ   နိုင်ငံရေးပါတီ များ၏  ပါတီဝင်အင်အား၊   ပါတီ ပိုင်ရန်ပုံငွေနှင့်           ပစ္စည်းများ စုဆောင်းခြင်း၊   ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊       စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ     လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို  စစ်ဆေးဆောင်ရွက် လျက်ရှိသည်။ 
စစ်ဆေးဆောင်ရွက်
ထိုသို့      ဆောင်ရွက်ရာတွင် ပြည်ထောင်စု      ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဦးဆောင်ပြီး    ပြည်နယ်စာရင်း စစ်ချုပ်ရုံး၊    ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနတို့မှ     ဌာနဆိုင်ရာ ကိုယ်စားလှယ်များ   ပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည်  ကယား ပြည်နယ်  အခြေစိုက်ဖြစ်သော ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(Kayah State Democratic Party)ကို  ကယားပြည်နယ် လွိုင်ကော်မြို့တွင် မေ ၂၇ ရက်မှ ၂၉ ရက်အထိ  စစ်ဆေးဆောင်ရွက် ကြောင်း သိရသည်။   
သတင်းစဉ်