
နေပြည်တော် ဇွန် ၇
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ( ဌ ) တွင် ပြဋ္ဌာန်းထား သော နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း တာဝန်နှင့်အညီ နိုင်ငံရေးပါတီ များ၏ပါတီဝင်အင်အား၊ ပါတီပိုင် ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်း ခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ ကို စစ်ဆေးဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့် ဦးဆောင်ပြီး တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန် များ ဦးစီးဌာနနှင့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့မှ ဌာန ဆိုင်ရာ ကိုယ်စားလှယ်များပါဝင် သည့် စစ်ဆေးရေးအဖွဲ့သည် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (Zomi Congress for Democracy Party) ကို ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဇွန် ၇ ရက်မှ ၉ ရက်အထိ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်