ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီများအား စစ်ဆေးရန် အကြောင်းကြား

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၇


ပြည်ထောင်စု           ရွေးကောက်ပွဲ ကော်မရှင်သည်   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်       ဥပဒေ ပုဒ်မ ၁၀ (ဌ)တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ       မှတ်ပုံတင် ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေးပါတီ များကို မှတ်ပုံတင်ခြင်း၊  ကြီးကြပ် ခြင်းနှင့် ကြီးကြပ်စေခြင်း”ဆိုသည့် တာဝန်နှင့်အညီ  နိုင်ငံရေးပါတီ များ၏ ပါတီဝင်အင်အား၊   ပါတီပိုင် ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်း ခြင်း၊  ထိန်းသိမ်းခြင်း၊   သုံးစွဲခြင်း၊  စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊       ပါတီဆိုင်ရာ လုပ်ငန်းများအား      စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို  စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့     ဆောင်ရွက်ရာတွင် ပြည်ထောင်စု      ရွေးကောက်ပွဲ ကော်မရှင်မှ ဦးဆောင်ပြီး  ဌာန ဆိုင်ရာ ကိုယ်စားလှယ်များပါဝင် သည့် စစ်ဆေးရေးအဖွဲ့များဖြင့် ၂၀၂၂    ခုနှစ်     ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင်       ရှမ်း ပြည်နယ် အခြေစိုက်ပါတီဖြစ်သော လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီကို   စစ်ဆေးခံနိုင်ရန် အကြောင်းကြား   ထားကြောင်း သိရသည်။              

သတင်းစဉ်