ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့၏ ရွေးကောက်ပွဲရလဒ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

 

၂၀၂၁ ခုနှစ်၊  ဇူလိုင်လ  ၂၂  ရက်

 

၁။    ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်၊ ကယားပြည်နယ် မြို့နယ် ၇ မြို့နယ်နှင့် ကရင်ပြည်နယ် မြို့နယ် ၇ မြို့နယ်တို့၏  မဲစာရင်းများကို တစ်မြို့နယ်ချင်းအလိုက် အသေးစိတ်စိစစ်ခဲ့ပြီး မြို့နယ်အသီးသီးရှိ မဲရုံတစ်ခုချင်းအလိုက်  မဲပေးခဲ့မှု အခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ  ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ပြီး  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊  မဲရုံမှူး/ မဲရုံအဖွဲ့ဝင် များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။


၂။    ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ အောက်ပါအတိုင်း ပါဝင်ယှဉ်ပြိုင်/ ဆန္ဒမဲပေးခဲ့ကြပါသည်- 


    (က)    ကချင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၇ ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  မဲရုံပေါင်း ၉၁၉ ရုံတွင် မဲဆန္ဒရှင် စုစုပေါင်း ၁၁၅၀၄၀၇ ဦး ရှိသည့် အနက် ၇၆၁၈၅၀ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၆၆.၂၂ ရာခိုင်နှုန်းရှိခဲ့ပါသည်။
    ( ခ )    ကယားပြည်နယ် မြို့နယ် ၇ မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၂ ပါတီ ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့်   တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၂၃၃ ရုံတွင် မဲဆန္ဒရှင် စုစုပေါင်း ၂၁၂၉၁၆ ဦး ရှိသည့်အနက် ၁၆၂၈၅၇ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှု ရာခိုင်နှုန်း ၇၆.၄၉ ရာခိုင်နှုန်းရှိခဲ့ပါသည်။
    ( ဂ )    ကရင်ပြည်နယ်  မြို့နယ် ၇ မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၄ ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့်  တစ်သီးပုဂ္ဂလ  လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၈၅၂ ရုံ၊ မဲဆန္ဒရှင် စုစုပေါင်း ၁၂၃၆၈၃၈ ဦး ရှိသည့်အနက် ၆၆၁၆၉၈ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၅၃.၅၀ ရာခိုင်နှုန်း ရှိခဲ့ပါသည်။


၃။    ကချင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်၏  ယခင်ရွေးကောက်ပွဲကော်မရှင်က   ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၁၁၅၀၄၀၇ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၇၅၅၈၀၇ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိ သူများမှာ ၉၂၄၅၂ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၇၆၃၃ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ  ၁၀၂၈၇၆  ဦး၊ ပြည်နယ်အတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check)အရ မဲစာရင်း ထပ်နေသူ ၆၀၅၉၀ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၆၇၉ ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း ၌ ပါဝင်နေသူ ၄၉၇ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။


၄။    ကချင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်တွင် မဲရုံပေါင်း ၉၁၉ ရုံ၊ စုစုပေါင်းထုတ်ယူရရှိခဲ့သော ဆန္ဒမဲ လက်မှတ်အရေအတွက်မှာ ၁၃၀၁၀၉၄ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၇၆၁၃၂၄၊ ကျန်ရှိရမည့်အရေအတွက်မှာ ၅၃၉၇၇၀ ၊ မြေပြင်လက်ကျန် ၅၃၆၈၈၉ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၉၄၄၉ ဖြစ်ပြီး၊ အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၆၅၆၈  ဖြစ်သည်။


၅။    ကယားပြည်နယ် မြို့နယ် ၇ မြို့နယ်တွင် ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၂၁၂၉၁၆ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၂၁၄၀၇၄ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူ များမှာ ၅၅၅၂ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၉၃၀ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၁၆၆၈၀ ဦး၊ ပြည်နယ်အတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check)အရ မဲစာရင်းထပ်နေသူ ၅၉၁၂ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၂၃၈ ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်မပြည့်ဘဲ မဲစာရင်း ၌ ပါဝင်နေသူ ၄၄ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။


၆။    ကယားပြည်နယ် မြို့နယ် ၇ မြို့နယ်တွင် မဲရုံပေါင်း ၂၃၃ ရုံ၊ စုစုပေါင်းထုတ်ယူရရှိခဲ့သော ဆန္ဒမဲ လက်မှတ်အရေအတွက်မှာ ၂၃၈၈၀၅ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၁၆၂၈၄၉၊ ကျန်ရှိရမည့်အရေအတွက်မှာ ၇၅၉၅၆၊ မြေပြင်လက်ကျန် ၇၅၂၇၆ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော  မဲလက်မှတ်အရေအတွက် ၂၄၆၈ ဖြစ်ပြီး၊ အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၁၇၈၈  ဖြစ်သည်။ 


၇။    ကရင်ပြည်နယ် မြို့နယ် ၇ မြို့နယ်၏  ယခင် ရွေးကောက်ပွဲကော်မရှင်က  ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၁၂၃၆၈၃၈ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၁၀၄၇၈၆၅ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူ များမှာ ၂၄၁၉၅၃ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၁၅၂၅၈  ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ  ၁၂၈၂၃၀ ဦး၊ ပြည်နယ်အတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check)အရ မဲစာရင်း ထပ်နေသူ ၁၅၂၉၄ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၉၁၇ ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၈၂၂  ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။


၈။    ကရင်ပြည်နယ် မြို့နယ် ၇ မြို့နယ်တွင် မဲရုံပေါင်း ၈၅၂ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲ လက်မှတ်အရေအတွက်မှာ ၁၃၆၆၂၂၂ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၆၄၁၈၄၈၊ ကျန်ရှိရမည့်အရေအတွက်မှာ ၇၂၄၃၇၄ ၊ မြေပြင်လက်ကျန် ၆၅၄၀၂၉ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၇၂၂၇၂ ဖြစ်ပြီး၊ အပိုတွေ့ရှိရသော မဲလက်မှတ် အရေအတွက်မှာ ၁၉၂၇ ဖြစ်သည်။              ၉။    ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့၏ မဲဆန္ဒရှင်စာရင်းများနှင့်   ပြည်သူ့ လွှတ်တော်ဆန္ဒမဲလက်မှတ်များ မြေပြင်စစ်ဆေးတွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-


၁၀။    ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ၁၇- ၁၁- ၂၀၁၇ ရက်စွဲပါ ကြေညာချက် အမှတ် (၃၂/ ၂၀၁၇) ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ် ခြင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။  ယင်းနောက်  ယခင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် ၄- ၁၂- ၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၃/၂၀၁၇)နှင့် ၆-၁၂-၂၀၁၇ ရက်စွဲပါကြေညာချက် အမှတ်(၃၄/၂၀၁၇)တို့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် NLD ပါတီ အမာခံများ ထည့်သွင်း၍ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ကြေညာချက်များကို   ထပ်မံထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကြေညာချက်များတွင် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များမှ ခန့်အပ်လိုသူများအား ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
၁၁။    ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၄- ၈- ၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၇ / ၄၆၄- အထွေထွေ/ အဖရ(၂၀၂၀) ဖြင့် ညွှန်ကြားချက်အရ ပြည်နယ်အစိုးရအဖွဲ့မှ ၅- ၈- ၂၀၂၀ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင် သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက်   ပံ့ပိုးကူညီရေးအဖွဲ့ကို   ဖွဲ့စည်းခဲ့ရာ   ယင်းအဖွဲ့ ကြောင့်ပင်  လူဦးရေစာရင်းများထပ်ကာ   မဲဆန္ဒရှင်စာရင်းများ ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက်  ပါဝင်မှုများ ဖြစ်ပွားခဲ့ရကြောင်း စိစစ်တွေ့ရှိရသည်။  ယင်းအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လူဦးရေစာရင်းများ ကျန်ရှိသေးကြောင်း ထပ်မံပေးပို့လာသည့် စာရင်းများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအနေဖြင့် မဲဆန္ဒရှင်စာရင်းများတွင် ထပ်မံထည့်သွင်းခဲ့ရကြောင်း တွေ့ရှိရသည်။ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရပ်ကွက်/ ကျေးရွာအုပ်စု) တို့မှ အောက်ခြေ တွင် သေချာစွာစိစစ်ခြင်းမရှိဘဲ ထပ်မံပေးပို့လာသည့် လူဦးရေစာရင်းများကြောင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီးသူများ ထပ်မံပါဝင်လာသဖြင့် မဲစာရင်းများ ဖောင်းပွခြင်း၊ ထပ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း စိစစ် တွေ့ရှိရပါသည်။


၁၂။    ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မဲစာရင်းများပြုစုရန်အတွက် လူဦးရေ စာရင်းအချက်အလက်များ ကောက်ယူရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့က အဓိက ဆောင်ရွက်ခဲ့သည်။ မဲဆန္ဒရှင်စာရင်းများ မြေပြင် ကောက်ယူရာတွင် NLD အစိုးရက ခန့်အပ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အချို့နေရာများတွင် NLD ပါတီ၏ အောင်နိုင်ရေးအဖွဲ့များ ပူးပေါင်းကောက်ယူကြောင်း စိစစ်သိရှိရသည်။ ယင်းသို့ စာရင်းများ ကောက်ယူရာတွင် ရပ်ကွက်/ ကျေးရွာအတွင်း အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံသား စိစစ်ရေးကတ် ရှိ/ မရှိ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူ ဟုတ်/ မဟုတ် စိစစ်နိုင်ခြင်း မရှိခဲ့သည့်အတွက် မဲစာရင်းတွင်  နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက်  ပါဝင်ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ပါဝင်နေခြင်း တို့ကို စိစစ်တွေ့ရှိရသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၆) မဲစာရင်းပြုစုခြင်းပါ ပုဒ်မ ၁၅(ဂ)တွင် “မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်း တစ်ခုမှအပ အခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်း ပါဝင်ခြင်း မရှိစေရ” ဟု ပြဋ္ဌာန်းထားသော်လည်း မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသော မှားယွင်းမှု များကိုတွေ့ရှိရသည်။ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၉(ခ)အရ မဲစာရင်းတွင် ပါဝင် ခွင့်မရှိဘဲ ပါဝင်ကြောင်း တွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်းမှ ပယ်ဖျက်ရမည် ဟု ပြဋ္ဌာန်းထားသော်လည်း ပယ်ဖျက်ခြင်းမရှိဘဲ ထည့်သွင်းမဲပေးခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။


၁၃။    အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန်အတွက် ရွေးကောက်ပွဲနေ့မတိုင်မီ  ၂၉-၁၀-၂၀၂၀ ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ကြောင်း ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ညွှန်ကြားချက်ထုတ်ပြန်ဆောင်ရွက်ခဲ့သည့်အတွက် ကြိုတင်ဆန္ဒမဲများ ကောက်ခံရာတွင် အချို့နေရာ များ၌ NLD ပါတီ အောင်နိုင်ရေးအဖွဲ့များ ပါဝင်၍ နေအိမ်များသို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ကြသဖြင့် ဥပဒေနှင့်မညီသော မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်အရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်းမပြုနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးရန် အသိပေးကြေညာချက်ကို    ၈- ၁၀- ၂၀၂၀ ရက်နေ့နှင့် ညွှန်ကြားချက်ကို ၁၁- ၁၀- ၂၀၂၀ ရက်နေ့တို့တွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာ ဆောင်ရွက်ခဲ့သည်။ ယင်းညွှန်ကြားချက်များကြောင့် မဲစာရင်းများ ထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ  အစုလိုက် အပြုံလိုက် မဲစာရင်းတွင်ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။ 


၁၄။    မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ  မဲဆန္ဒရှင်များ မဲပေးခွင့် ရရှိရေးအတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ၁၉- ၈- ၂၀၂၀ ရက်နေ့တွင် ညွှန်ကြား ချက်ထုတ်ပြန်၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသားစိစစ်ရေးကတ် စိစစ်မှုမပြုနိုင်သော မဲဆန္ဒရှင် သက်သေခံလက်မှတ်များဖြင့် မဲပေးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ နှင့် ညီညွတ်မှုမရှိသော နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲပေးခွင့်ပြုခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် ၂ ကြိမ်၊ ၃  ကြိမ်နှင့်  အထက်  မဲစာရင်းတွင်  ပါဝင်သူများ  မဲပေးခွင့်ရရှိခဲ့ကြသဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်မှု များရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ်မပါရှိသည့် အမှန်ခြစ် တံဆိပ်တုံး ရိုက်နှိပ် ထားသော မဲလက်မှတ်များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ညွှန်ကြား ခဲ့ခြင်းသည် မဲရေတွက်မှုများတွင် ရှုပ်ထွေးမှုများကို  ဖြစ်ပေါ်စေခဲ့သဖြင့် မဲရလဒ်များ    မှန်ကန်မျှတမှု မရှိကြောင်း  စိစစ်တွေ့ရှိရပါသည်။    


၁၅။    အထက်ပါ မဲစာရင်းများ အရေအတွက်များပြားစွာ မဲရုံတိုင်း၌ မှားယွင်းမှုများ ဖြစ်ပေါ်ရခြင်းသည် မတော်တဆဖြစ်ပေါ်ခဲ့သော မှားယွင်းမှုမျိုးမဟုတ်ဘဲ   ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ မဲစာရင်း ကောက်ယူခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင် ရွက်မှုအဆင့်ဆင့်တွင် NLD ပါတီအနေဖြင့် အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုလုပ်၍   ဝင်ရောက် စွက်ဖက် မလျော်ဩဇာအသုံးပြုကာ မသမာမှုများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည့်အပြင်  အခြားနိုင်ငံ ရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲ ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ အားလုံးကို COVID- 19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ် ချက်/ တားမြစ်ချက်ကို အလွဲသုံး၍လည်းကောင်း၊ အုပ်ချုပ်ရေးအာဏာကို အလွဲသုံး၍  လည်းကောင်း ကန့်သတ်ထိန်းချုပ်၍ နိုင်ငံတော်အာဏာကို မတရားရယူနိုင်ရန် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်း၊ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို  အလွဲ သုံးစားပြုကာဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက်ဆောင်ရွက်ခဲ့ခြင်းတို့ကို စိစစ်တွေ့ရှိရသည်။


၁၆။    ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့၏ ၂၀၂၀ ပြည့်နှစ်၊   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် အထက်ပါ   စစ်ဆေးတွေ့ရှိချက်များအရ  သက်ဆိုင်ရာ  လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ/ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသည်ကို စိစစ်တွေ့ရှိရသည့်အပြင် လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း ပေါ်လွင်ထင်ရှားပါသည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်၊ ကယားပြည်နယ် မြို့နယ် ၇ မြို့နယ်နှင့် ကရင်ပြည်နယ် မြို့နယ် ၇ မြို့နယ်တို့၏ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်တို့အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ပြည်နယ်များအတွင်း တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်များ   ရွေးကောက် တင်မြှောက်ခဲ့သော ရွေးကောက်ပွဲရလဒ်များကို ဥပဒေနှင့်အညီ ပယ်ဖျက်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်