
ရန်ကုန် ဇန်နဝါရီ ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော တည်ဆဲနိုင်ငံရေးပါတီများ တွေ့ဆုံပွဲများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပသည်။
ဦးစွာ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမရှိ ဧည့်တွေ့ ဆောင်၌ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး ပြင်ဆင်ဆောင် ရွက်နေမှုအခြေအနေများ၊ ကျင်းပ မည့် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံး ဆောင်ရွက်မည့် အခြေအနေနှင့် နိုင်ငံရေးပါတီများ တည်ထောင် ခွင့်၊ မှတ်ပုံတင်ခွင့် လျှောက်ထား မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်က မေးမြန်းသည့် သိရှိလို သည့် အချက်များအပေါ် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ဖြေကြားကာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာ ခန်းမ၌ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်နှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံ ရေးပါတီများ တွေ့ဆုံခဲ့ကြပြီး ရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံရေး ပါတီဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း ၍လည်းကောင်း မေးမြန်းဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲ အခမ်းအနား သို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု ရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဥပဒေချုပ်၊ နိုင်ငံရေး ပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ပါတီခေါင်းဆောင်များ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးနှင့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်