ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားရှိသော နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ ဟောပြောဆွေးနွေး

 

နေပြည်တော်   ဇွန်   ၉
ပြည်ထောင်စု  ရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားရှိသော     နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်၊    နိုင်ငံ့ဝန်ထမ်း ဥပဒေ၊      နည်းဥပဒေဆိုင်ရာ ဟောပြောဆွေးနွေးပွဲ    အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၌     ကျင်းပ ပြုလုပ်ရာ     စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင် မောင်ညွန့်၊       ပြည်ထောင်စု ရာထူးဝန်အဖွဲ့         အမြဲတမ်း အတွင်းဝန်၊   ညွှန်ကြားရေးမှူး   ချုပ်များ၊       ဦးဆောင်ညွှန်ကြား ရေးမှူးများ၊     စက်မှုဝန်ကြီးဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေ         မန်နေဂျာများ၊ ညွှန်ကြားရေးမှူးများနှင့်   တာဝန် ရှိသူများ      တက်ရောက်ကြ သည်။
ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီးက  ယနေ့ဟောပြောပွဲသို့ တက်ရောက်လာကြသော အရာရှိ ကြီးများသည်        ဝန်ထမ်းအဖွဲ့ အစည်းများ၏   စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို လက်တွေ့တာဝန် ယူ     ဆောင်ရွက်နေကြသူများ ဖြစ်သဖြင့်  အရာရှိကြီးများအနေ ဖြင့်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက     ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်(၁၂)ရပ်ကို  ကောင်းစွာသိရှိ နားလည်ပြီး ပြောင်းလဲလာသော ခေတ်မီနည်းပညာ၊ အတတ်ပညာ များကို အမြဲလေ့လာဆည်းပူးကြ ရန်နှင့်   မိမိတို့  လက်အောက်ရှိ ဝန်ထမ်းများကို        ပြောင်းလဲ တိုးတက်လာသည့် ခေတ်မီနည်း ပညာများကို      စဉ်ဆက်မပြတ် လေ့လာ       သင်ယူနိုင်စေရေး ဆောင်ရွက်ပေးကြရမည်      ဖြစ် ကြောင်း၊ အရာထမ်းကြီးများသည်  နိုင်ငံ့ဝန်ထမ်းများဖြစ်၍      နိုင်ငံ့ ဝန်ထမ်း    ဥပဒေ၊    နည်းဥပဒေ၊  အမိန့်နှင့်     ညွှန်ကြားချက်များ၊   လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရမည်  ဖြစ် ကြောင်း၊      မိမိလက်အောက် ဝန်ထမ်းများကိုလည်း  သင်ကြား ပြသ   လမ်းညွှန်မှုပြုရမည်ဖြစ် ကြောင်း၊ ထို့ပြင်  ပြည်ထောင်စု ရာထူးဝန်အဖွဲ့က   ထုတ်ပြန်ထား ရှိသော       နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို    တိကျစွာ လိုက်နာကြရမည်ဖြစ်ပြီး       ရုံး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း  ပြည်ထောင်စုရာထူးဝန် အဖွဲ့က      ထုတ်ပြန်ထားသည့် ရုံးလုပ်ငန်းလက်စွဲကို  လက်ကိုင် ပြုထားကြရမည်    ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့       အမြဲတမ်း အတွင်းဝန်က နိုင်ငံ့ဝန်ထမ်းဥပဒေ၊  နည်းဥပဒေများကို   လည်းကောင်း၊ ဝန်ထမ်းရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က   နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်၊  ဥပဒေ၊  နည်း ဥပဒေများကို        လည်းကောင်း ရှင်းလင်းဆွေးနွေးရာ        တက် ရောက်သူများက သိရှိလိုသည်များ ကို   မေးမြန်းပြီး  သက်ဆိုင်ရာ တာဝန်ရှိသူများက  အသေးစိတ် ပြန်လည်         ရှင်းလင်းကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်း အနားကို  ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။
သတင်းစဉ်