ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၄ ခုနှစ် (၁၄) ကြိမ်မြောက် မြန်မာ့ရိုးရာမိသားစုထမနဲထိုးပြိုင်ပွဲ ကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ  ၁၆
ပြည်ထောင်စု  ရာထူးဝန်အဖွဲ့၏ ၂၀၂၄ ခုနှစ်  (၁၄) ကြိမ်မြောက် မြန်မာ့ရိုးရာ  မိသားစုထမနဲထိုး ပြိုင်ပွဲကို ယနေ့တွင် နေပြည်တော် ရှိ ရုံးအမှတ်(၁၇)၌ ကျင်းပပြုလုပ် ရာ  ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်နှင့် အဖွဲ့ဝင် များ၊  ဌာနဆိုင်ရာအကြီးအမှူး များနှင့်   အရာထမ်း၊   အမှုထမ်း များ  စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ထမနဲထိုးပြိုင်ပွဲကို ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီကျင်းပခဲ့ပြီး နေပြည်တော်ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊  ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာနနှင့်ဝန်ထမ်း ရေးရာဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများပါဝင်သည့်အသင်း သုံးသင်းစီဖြင့် စုစုပေါင်း ကိုးသင်း ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြရာ ပြည်ထောင်စု    ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အားပေး ကြည့်ရှုပြီး အကဲဖြတ်အမှတ်ပေး ကြသည်။
ထို့နောက်    ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက  ပထမဆု ရရှိသည့် ဥက္ကဋ္ဌရုံးအဖွဲ့    အဖွဲ့ (၂)အသင်း၊      ဒုတိယဆုရရှိသည့် ဝန်ထမ်းရေးရာဦးစီးဌာန အဖွဲ့(၁)အသင်းနှင့် တတိယဆုရရှိသည့် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန   အဖွဲ့(၃)   အသင်းတို့ကို လည်းကောင်း၊    ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင်များက နှစ်သိမ့် ဆုရရှိကြသည့်    အသင်းများကို လည်းကောင်း   ဆုများပေးအပ် ချီမြှင့်ခဲ့ကြကြောင်း သိရှိရသည်။  
သတင်းစဉ်