ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝန်ထမ်းများ မိတ်ဆုံနေ့လယ်စာစားပွဲကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၈ 


ပြည်ထောင်စု    ရာထူးဝန်အဖွဲ့ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာနနှင့်    ဝန် ထမ်းရေးရာဦးစီးဌာနတို့၌ တာဝန် ထမ်းဆောင်နေကြသည့်   နိုင်ငံ့ ဝန်ထမ်းများ၏ မိတ်ဆုံနေ့လယ် စာ စားပွဲကို ယနေ့ မွန်းတည့်  ၁၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။ 

 


နေ့လယ်စာ       စားပွဲတွင် ပြည်ထောင်စု     ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် က မိတ်ဆုံစားပွဲကျင်းပခြင်းဖြင့် ဝန်ထမ်းအချင်းချင်း ပိုမိုစည်းလုံး ချစ်ခင်လာမည်      ဖြစ်ကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ဝန်ထမ်းများ ၏ ရပိုင်ခွင့်၊  လုပ်ပိုင်ခွင့်၊ ခံစား ခွင့်များနှင့်  ပတ်သက်၍    အဓိက ဝန်ဆောင်မှုပေးနေရသည့် ဌာန ဖြစ်သည့်အတွက်       လုပ်ငန်း စွမ်းဆောင်ရည်များ ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးပမ်းထမ်း ဆောင်ကြရမည်     ဖြစ်ကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည်  ပြည် ထောင်စုရာထူးဝန်  အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်သည်။ 
နေ့လယ်စာ    သုံးဆောင်နေ စဉ်  ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဥက္ကဋ္ဌရုံး အဖွဲ့နှင့် ဦးစီးဌာနများရှိ ဌာနခွဲများ အလိုက်   အမှတ်တရ  ကံစမ်းမဲ ဖောက်ပေးခဲ့ကြကြောင်း     သိရ သည်။                       
 

သတင်းစဉ်