
နေပြည်တော် မေ ၂၀
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ၊ ကျောင်း ဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ၌ နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်း ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက အမှာစကားပြောကြားပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ငွေများကို အဖွဲ့ဝင် ဦးစစ်အေးနှင့် အဖွဲ့ဝင် ဒေါ်ခင်မျိုးမြင့်တို့က လည်းကောင်း၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများကို အဖွဲ့ဝင် ဦးရဲနိုင် နှင့် အဖွဲ့ဝင် သူရဦးဘိုနီတို့ကလည်းကောင်း ချီးမြှင့် ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ခင်ဝင်းရီတို့က တက်ရောက်လာသော ကျောင်းသား ကျောင်းသူများ ကို လိုက်လံနှုတ်ဆက်သည်။
အဆိုပါ အခမ်းအနားတွင် အခြေခံပညာအဆင့် (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းသား ကျောင်းသူ ၁၀၄ ဦးတို့ကို ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
သတင်းစဉ်