
နေပြည်တော် ဒီဇင်ဘာ ၆
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့် သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၅ ရက်က တက္ကသိုလ်၌ ဖွင့်လှစ် လျက်ရှိသော အလယ်အလတ် အဆင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံ ခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၇)၊ အရာ ထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၀) နှင့် စာရေး ဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၁၀၂) သင်တန်းများ၏ သင်တန်းခန်းမများ၌ သင်တန်း အလိုက် ဆွေးနွေးပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး တက္ကသိုလ် စစ်ရေးပြကွင်းတွင် ကာကွယ် ရေး ပညာဌာနမှ စစ်ရေးပြနှင့် လက်နက်ငယ် သင်ခန်းစာများ သင်ကြားလေ့ကျင့်ပေးနေသည့် အခြေအနေများကို ကြည့်ရှုပြီး သင်တန်းစားရိပ်သာတွင် အရာ ထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၀) သင်တန်းသား၊ သင်တန်း သူများနှင့် ရင်းရင်းနှီးနှီး နေ့လယ် စာအတူ သုံးဆောင်သည်။
ထို့နောက် တက္ကသိုလ်တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
သတင်းစဉ်