
ပြည်ထောင်စုဖွား သွေးချင်းများ
* နေခြည်မှာ ရွှေရည်ဝင်းလို့
ထွန်းလင်းတဲ့ ပြည်မြန်မာ၊
ဘေးမသီ ရန်မခ
အေးမြစေရာ၊
ပွင့်လင်းလို့ ဖော်ရွေစွာ
ပျော်စေမှာ မှန်မလွဲ၊
ဓလေ့ စရိုက်ကိုဖြင့်
မမေ့ထိုက်ပါ စဉ်အမြဲ
ထိန်းသိမ်းနေဆဲ။
* တို့ပြည်ထောင် သားချင်းတို့
အားတင်းလို့ စိတ်ရည်တူ၊
ရိုးရာတွေ မပျက်ရေး
ဖေးမလို့ကူ၊
ပြည်သူနဲ့ သည်မူ
ကြည်ဖြူကာလက်တွဲ၊
အပြစ်အမုန်း မယူပါနဲ့
အချစ်ဆုံး ပြည်သူညီညာရေး
တွေးဆကြမြဲ။
* ရိုးမတွေ လေးစင်းနဲ့
သွေးချင်းတို့ ပျော်ရာမြေ၊
မြစ်ချောင်းရေ သွယ်ကာတန်း
စိမ့်စမ်းထွေထွေ၊
သည်မြေနဲ့ သည်ရေရယ်
တည်စေမယ်ကွဲ့ ဘယ်မခွဲ၊
အမြဲအတွက်သာပ
အသည်းအသက်လို ပမာတည်လို့
မြန်မာပြည် ညီနောင်ရင်းတို့ရယ်
သွေးချင်းတွေပဲ။ ။