ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်း စားသုံးဆီများ ဈေးကားဖြင့် လှည့်လည်ရောင်းချ

 

နေပြည်တော်   ဩဂုတ်  ၁၂


စားသုံးဆီ     တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊  စားသုံးသူရေးရာဦးစီး ဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ၏ စီစဉ်ကြီးကြပ်မှုဖြင့် Diamond Dragon Co.,Ltd က ဘူးသွင်းဆီ (Consumer   Pack)  များကို ပြည်ထောင်စုနယ်မြေ    နေပြည် တော်အတွင်း၌   ဈေးကားဖြင့် လှည့်လည်၍ သတ်မှတ်ဈေးနှုန်း ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 


အဆိုပါဈေးကားဖြင့်   လှည့် လည်၍   သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ဩဂုတ် ၁၀ ရက်တွင်   နေပြည်တော်ကောင်စီ ဝင်းအတွင်းရှိ ဌာနဆိုင်ရာရုံးများ နှင့်    ဝန်ထမ်းအိမ်ရာများတွင် လည်းကောင်း၊ ဩဂုတ် ၁၂ ရက် တွင်   စီးပွားရေးနှင့်   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန   ရုံး အမှတ်(၃)တွင်   လည်းကောင်း ရောင်းချပေးခဲ့ကြောင်း    သိရ သည်။


အောင်ကိုကို (ခရိုင်ပြန်/ဆက်)