
နေပြည်တော် ဩဂုတ် ၃၀
ဥတ္တရသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ပြည်ထောင်စု နယ်မြေ ဥတ္တရသီရိမြို့နယ် မဏိဇောတိက ကျွဲရှင်းကျောင်းတိုက်၌ ကျင်းပသည်။
ယင်းအခမ်းအနားသို့ နေပြည် တော် ဥတ္တရသီရိမြို့နယ် မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဏိ ဇောတိက ကျွဲရှင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဒုမ အမှူးပြု သော ဆရာတော်ကြီး သုံးပါး ကြွရောက်တော်မူကြပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုကြသည်။
ဆက်ကပ်လှူဒါန်း
အဆိုပါ လှူဒါန်းပွဲတွင် ဥတ္တရ သီရိမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၁၀ ကျောင်းတွင် သီတင်း သုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၃၀၁ ပါးတို့ကို ဆွမ်းဆန်တော် အိတ် ၃၀၊ ဆီ ပိဿာ ၉၀၊ ပဲ ၁၂ အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ပထမ လှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကာလများအတွင်း ရဟန်း၊ သာမဏေ၊ သီလရှင်များ ဆွမ်း ကွမ်း အဆင်ပြေစေရန်အတွက် နေပြည်တော်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များသို့ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများအတွင်း ဘုန်းတော်ကြီး ကျောင်းပေါင်း ၂၃၆ ကျောင်းနှင့် သီလရှင် ၁၈ ကျောင်းတို့အတွက် ဆွမ်းဆန် တော် အိတ် ၁၀၂၇ အိတ်တို့ကို လည်းကောင်း၊ ဩဂုတ်လတွင် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့ နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်း ၆၀ နှင့် သီလရှင်ကျောင်း ၁၃ ကျောင်းတို့၌ သီတင်းသုံးနေထိုင် တော်မူကြသော ရဟန်း၊ သာမဏေ ၂၆၀၇ ပါးနှင့် သီလရှင် ၉၈၇ ပါး တို့အတွက် ဆွမ်းဆန်တော် ၃၅၉ အိတ်၊ ဆီ ၁၀၇၇ ပိဿာ၊ ပဲ ၁၄၄ အိတ်တို့ကို လည်းကောင်း။
ဆွမ်းပဒေသာပင် လှူဒါန်း
မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၀၇ တိုက်မှ ရဟန်းသာမဏေ ၆၇၆၄ ပါးနှင့် သီလရှင် ၁၁၁ ပါး တို့ကို ဆွမ်းဆက်ကပ်နိုင်ရန် ဆွမ်း ပဒေသာပင် ငွေကျပ်သိန်း ၇၀၀၊ ဆွမ်းဆန်တော် အိတ် ၂၂၄ အိတ်၊ ဆီ ပိဿာ ၆၇၀၊ ပဲ ၆၈ အိတ်တို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး အတွင်းရှိ ပရိယတ္တိစာသင် တိုက် ၁၀ တိုက်မှ ရဟန်းသာမဏေ အပါး ၁၉၅၀ အတွက် ဆွမ်း ဆက်ကပ်နိုင်ရန် ဆွမ်းပဒေသာပင် ငွေကျပ်သိန်း ၇၀၀ လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်